ဘရာဇီး ဆည်ကျိုးကာ မြို့ငယ်ရေဖုံး


ဘရာဇီးနိုင်ငံတွင် သတ္တုတွင်းလုပ်ငန်း တစ်ခုမှ စွန့်ပစ်သည့် ရေဆိုးများကို လှောင်ထားသော ဆည်တစ်ခု ကျိုးသွားမှုကြောင့် ဆည်အောက်ပိုင်းရှိ မြို့ငယ်လေးတစ်ခု ရေဖုံးလွှမ်းသွားကြောင်း သိရသည်။
      ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီနတ်စ်ဂါရတ်စ် ပြည်နယ် မရီနာမြို့အနီးရှိ ဘန်တို ရိုဒရီဂတ်စ်မြို့လေးတွင် ဖြစ်ပွားခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ အနည်းဆုံး လူတစ်ဦး သေဆုံးကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။ သေဆုံးသူ (၁၆) ဦးထိ ရှိနိုင်သည်ဟု ဒေသတွင်း သတင်းများက ဖော်ပြသည်။
      တောင်ပေါ်တွင် တည်ထားသော ဆည်ကျိုးကျသဖြင့် သတ္တုတွင်း စွန့်ပစ် အညစ်အကြေး အနည်အနှစ် အနီရောင်ရေများသည် တောင်ကြား လမ်းတစ်လျှောက် စီးကျလာကာ လေးမိုင်အဝေးက ဘန်တို ရိုဒရီဂတ်စ်မြို့လေးထဲ ၀င်ရောက်ခြင်း ဖြစ်သည်။ နေအိမ်များကို ရေလွှမ်းသွားသလို၊ ကားများ၊ လောရီကားများလည်း ရေထဲမျောသွားသည်။
      ဘန်တို ရိုဒရီဂတ်စ်မြို့လေးသည် လူ (၅၀၀)ခန့်သာ နေထိုင်သော မြို့ငယ်လေး ဖြစ်သည်။ မြေပြိုမှုများ ဆက်လက် ဖြစ်ပွားနိုင်သဖြင့် ကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်း နှောင့်နှေးနေသော်လည်း ပိတ်မိနေသူများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
      သတ္တုတွင်းမှထွက်လာသည့် ရေဆိုးများသည် အဆိပ်သင့် ဓာတုပစ္စည်းများ ပါဝင်နိုင်သဖြင့် ဘန်တို ရိုဒရီဂတ်စ်မြို့လေးတွင် သောက်သုံးရေ အဆိပ်သင့်မှာ စိုးရိမ်ပူပန်မှုများ ရှိနေသည်။
Source: BBC
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment