ပီရူးနိုင်ငံရှိ ရဲတပ်ဖွဲ့သည် အလိုချင်ဆုံး ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ရာ အသက်(၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်နေသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အဆိုပါ မိန်းကလေးသည် မူးယစ်ဆေး ရောင်းဝယ်ခြင်း၊ လူသတ်ခြင်း၊ ငွေညစ်ခြင်း စသည်များကို ကျူးလွန်ခဲ့သောကြောင့် ရဲတပ်ဖွဲ့၏ အလိုချင်ဆုံးစာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။ သူ့ကိုယ်သူ အမျိုးသမီး ၀ံပုလွေဟု အမည်ပေးထားသည်။ ပေါ်ရက်စ်သည် ချစ်သူဖြစ်သူ ဟာရဲရား၊ နောက်ထပ် အဖွဲ့ဝင်ဖြစ်သည့် အယ်လ်ဘာတိုတို့နှင့်အတူ ပူးပေါင်းပြီး ဘွန်ကာနီဂရာ မြေခွေးဂိုဏ်း အမည်ဖြင့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်။ ယင်းဂိုဏ်းတွင် ပေါ်ရက်စ်သည် ထိပ်ပိုင်း ခေါင်းဆောင် နေရာတွင် ပါဝင်ခဲ့သည်။ ပေါ်ရက်စ်သည် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို ဖမ်းဆီးပြီး ငွေညစ်ဖို့ ကြိုးစားနေစဉ်အတွင်း ရဲတပ်ဖွဲ့က လက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးမှုများအရ ပေါ်ရက်စ်သည် ရာဇ၀တ်ဂိုဏ်းများနှင့် ဆက်စပ်ပြီး အလုပ်များစွာ လုပ်ခဲ့ကြောင်း၊ လက်နက်ရောင်းခြင်း၊ မူးယစ်ဆေးရောင်းခြင်း တို့ကိုလည်း လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ် ပေါ်ရက်စ်ကို စုံစမ်းမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။
The Messenger
0 comments:
Post a Comment