အရေပြားအောက်မှာ LED မီးလုံးတွေ ခွဲစိတ်ထည့်သွင်းမှု ခေတ်စားနေ

ဂျာမနီနိုင်ငံက ဘိုင်အိုဟက်ကာအဖွဲ့ တစ်ဖွဲ့ ဟာ သူတို့ ရဲ့ လက်ဖမိုးအောက်မှာ LED မီးလုံးတွေ ခွဲစိတ် ထည့်သွင်းခဲ့ပါတယ်။ အကြွေစေ့ အကြီးစား အရွယ်အစားလောက်သာရှိတဲ့ Northstar V1 chip ကို ထည့်သွင်းထားတာဖြစ်ပြီး  LED မီးလုံးတွေ ပါဝင်ကာ ခန္ဓာကိုယ်မှာ ထိုးထားတဲ့တက်တူးတွေကို တောက်ပနေအောင် အလှဆင်ဖို့ ဖြစ်ပါတယ်။
၁၅ မိနစ်သာကြာမြင့်တဲ့ခွဲစိတ်မှုကို အမေရိကန်နိုင်ငံ၊ Pittsburgh မြို့ အခြေစိုက် Grindhouse Wetware အဖွဲ့ က ပြုလုပ်ပေးတာဖြစ်ပြီး အန္တရာယ်ကင်းစိတ်ချရတဲ့ နည်းပညာကိုအသုံးပြုကာ လူသားစက်ရုပ်တွေ ဖန်တီးနိုင်ဖို့ အတွက် ပထမအဆင့်ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ ခေါင်းဆောင် Tim Cannon ဆိုသူက အဆိုပါ chip ကို ဖန်တီးခဲ့တာဖြစ်ပြီး သူကိုယ်တိုင်လည်း ခွဲစိတ်ထည့်သွင်းထားပါတယ်။ Tim ဟာ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း စီးကရက်ဘူး အရွယ်အစားလောက်ရှိတဲ့ Circadia 1.0 ကွန်ပြူတာချစ်ပ်ကိုသူ့ ခန္ဓာကိုယ်ထဲ ခွဲစိတ်ထည့်သွင်းထားသူဖြစ်ပါတယ်။
ဒီ chip မှာပါဝင်တဲ့ အာရုံခံ sensor ကို မည်သည့် Android ပစ္စည်းနဲ့ မဆို wireless နည်းနဲ့ ချိတ်ဆက်နိုင်ပြီး ခန္ဓာကိုယ်အပူချိန်ပြောင်းလဲမှုကို ဖတ်သားကာ Android စက်ကို text message အနေနဲ့ ပြန်လည်ပေးပို့ နိုင်ပါတယ်။အခု chip မှာ စက်ဝိုင်းပုံစံ LED မီးလုံး ငါးလုံးပါဝင်ပြီး sensor ကို သံလိုက်နဲ့ ပြေးကပ်သွားပြီး ဆယ်စက္ကန့် အကြာမှာ စတင်အလုပ်လုပ်စေနိုင်မှာဖြစ်ပါတယ်။ စက်ကို ဆီလီကွန်နဲ့ ဖုံးအုပ်ထားကာ ၃ ဗို့  ဘက်ထရီနဲ့  အားဖြည့်ထားပါတယ်။ ဘက်ထရီအားမကုန်ခင် အကြိမ်ပေါင်း တစ်သောင်းလောက် မီးလင်း ထားနိုင်ပြီး အားပြန်သွင်းလို့ တော့မရဘူးလို့ သိရပါတယ်။
ယခု ထည့်သွင်းခွဲစိတ်မှုကို လာမယ့်နှစ်မှာ အများပြည်သူတွေ ပြုလုပ်နိုင်မှာဖြစ်ပြီး ယခုအခါ Bluetooth ချိတ်ဆက်နိုင်မယ့် Northstar version 2 ကို စတင်ဖန်တီးနေတယ်လို့ ဆိုပါတယ်။ ဒီ ဗားရှင်း 2 မှာတော့ တက်တူးကို မီးထိုး အလှဆင်မှုအပါအ၀င် sensor ထည့်ထားတဲ့လက်ကနေ တီဗီတို့ အဲကွန်းတို့ လို gadget တွေကို ကြိုးမဲ့ထိန်းချုပ်စေခိုင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref: Dailymail
Trend Myanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment