" Your Type " လို့အမည်ရတဲ့ တေးသီချင်းကို မိတ်ဆက်လိုက်တဲ့ Carley Rae Jepson

" Call Me May Be " , " Good Time " စတဲ့ သီချင်းတွေနဲ့ မြန်မာပြည်က ပရိတ်သတ်တွေ သိခဲ့တဲ့ ကနေဒီယန် အဆိုတော်မလေး Carley Rae Jepson ဟာ  " Your Type "  ဆိုတဲ့ Single တစ်ပုဒ်ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Vevo မှာ စတင်မိတ်ဆက်ခဲ့ပြီး ဒီရဲ့ ဗီဒီယိုကိုတော့  Gia Coppola နဲ့ Carley ရဲ့ချစ်သူ David Kalani Larkins တို့က ပူးပေါင်းရိုက်ကူးပေးခဲ့တာပါ။ ဒီဗီဒီယိုထဲမှာတော့ သူမဟာ တစ်ညလုံးကို အလုပ်နှစ်ခုလုပ်ကိုင်ရတဲ့ ဘဝသမား အမျိုးသမီးပုံစံမျိုးနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 


သူမဟာ အလုပ်က ပင်ပန်းလာတဲ့ အချိန် ခုံတန်းလေးပေါ်မှာ ခွေနေတုန်းမှာ သူမရဲ့ Beat နားကြပ်ကို လူနှစ်ယောက်က ယူပြေးသွားပြီးတဲ့နောက်မှာတော့ သူမရဲ့ အလုပ်ဖြစ်တဲ့ ဘားမှာ အဆိုတော်လုပ်ရတဲ့ ပုံစံမျိုးကို ရိုက်ကူးထားတာပါ။  နာမည်ကျော်အဆိုတော် တစ်ယောက်ပုံစံမျိုးနဲ့ သီချင်းကိုဆိုနေပေမယ့်လည်း သူမ သီဆိုနေတဲ့ သီချင်းကို တစ်ယောက်ကမှ အဖတ်မလုပ်ဘဲ စိတ်မဝင်စားတဲ့ ပုံစံမျိုးကို ရိုက်ပြထားတာပါ။ 


Carly Rae Jepsen ဟာ "E.Mo.Tion" အယ်လ်ဘမ်ထဲနေ "I Really Like You" နဲ့  "Run Away With Me" တို့ကိုလည်း single အဖြစ် ဖြန့်ချိထားပြီး  သုံးခုမြောက် single အဖြစ်  " Your Type " ကို ဖြန့်ချိလိုက်တာပါ။ သူမကတော့ ကမ္ဘာအနှံ့ ဖျော်ဖြေမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး နောက်လာမယ့် အစီအစဉ်တွေကတော့ ဘာဖြစ်လာမယ်ဆိုတာတော့ မသိရသေးပါဘူး။ 


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: Aceshowbiz

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment