My Girl, Marry Him If You Dare စတဲ့ နာမည်ကြီး ကိုရီးယား ဇာတ်လမ်းတွဲတွေရဲ့ ဇာတ်ဝင်ခန်းတချို့ကို ဂျယ်ဂျူ ကျွန်းမှာရိုက်ကူးခဲ့တဲ့ အတွက် ဂျယ်ဂျူ ကျွန်းကို ကြားဖူးပြီးသားဖြစ်ကြမှာပါ။ ဂျယ်ဂျူကျွန်းဟာ သဘာဝ အလှအပတွေ ကို တမျှော်တခေါ် ခံစားရမဲ့ နေရာ တစ်နေရာလည်း ဖြစ်တဲ့ အပြင် တောင် ကိုရီးယားနိုင်ငံ ရဲ့ အကြီး ဆုံးကျွန်းလည်း ဖြစ်ပါတယ်။ အဝါရောင် ကာနိုးလာပန်း (Canola) တွေဝေနေတဲ့ ဂျယ်ဂျူ ကျွန်းဟာ ရှေးခေတ်ကိုရီးယားသမိုင်းမှာတော့ အကျဉ်းသားတွေကို နယ်နှင်ဒဏ် အပြစ်ပေးတဲ့ နေရာ တစ်ခု ဖြစ်ခဲ့ဖူး ပါတယ်။ ဂျယ်ဂျူကျွန်းရဲ့ သာယာတဲ့ ရာသီဥတု၊ သဘာဝ အလှအပ မြင်ကွင်းတွေ၊ ကမ်းခြေတွေ ဟာ အလည်အပတ်လာရောက် သူတွေ သာမက ဟန်းနီးမွန်းထွက်တဲ့ စုံတွဲ အသစ်စက်စက် တွေကိုလည်း အဓိကဆွဲဆောင်တဲ့ နေရာ လည်း ဖြစ်ပါတယ်။ နှစ်စဉ် နှစ် တိုင်း ဂျယ်ဂျူကျွန်းကို လာရောက်လည်ပတ်သူပေါင်း ၉ သန်းနီးပါး ရှိပါတယ်။ တစ်နှစ်တာ ပတ်လုံး ရာသီအလိုက် ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဆောင်းရာသီ မှာ ပင်ဂွင်းရေ ကူးပြိုင်ပွဲ၊ နွေဦးမှာ ပန်းပွဲတော်၊ ဆောင်းဦးမှာ ဆို ဂျယ်ဂျူ မြင်းပွဲ စတဲ့ ကျော်ကြားတဲ့ ပွဲတွေ လည်းရှိပါတယ်။ ထင်ရှားတဲ့ ပွဲတော်တစ်ခု ဖြစ်တဲ့ ကာနိုးလာ ပန်းပွဲတော် (Canola Festivel) ကို နွေရာသီ မှာ ကျင်းပလေ့ရှိပါတယ်။
Credit: Aye Say
Credit: Aye Say
0 comments:
Post a Comment