တစ်ရံတည်းသာရှိတဲ့ Apple အမှတ်တံဆိပ်ပါ ဖိနပ်





Apple က နည်းပညာမှာ ပါရမီ  ထူးကဲသူဖြစ်ပါတယ်။ ဒီလိုပြောတာ အကြောင်းမဲ့ မဟုတ်ပါ။ အတိတ်က Apple ပြုလုပ်ခဲ့တဲ့ သင်မသိလိုက်တဲ့အရာ တစ်ခုရှိပါတယ်။ Mac ကို ဘယ်တီထွင်ဖန်တီးခဲ့တယ်၊ Steve Jobs က သူ့လမ်းကြောင်းကို ဘယ်ပုံဘယ်နည်း တစ်ဟုန်ထိုး တက်သွားအောင်လုပ်ခဲ့လဲ ဆိုတာတော့ မဟုတ်ပါဘူး။ Apple ကိုယ်တိုင် ဖိနပ် စမ်းသပ်ထုတ်လုပ်ခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။ တကယ် မယုံနိုင်စရာဆိုပေမယ့် ဒါအမှန်တရား ဖြစ်ပါတယ်။ ဒါက Apple logo နဲ့ ထွက်ရှိခဲ့ဖူးတဲ့ တစ်ရံတည်းသော ဖိနပ်ဖြစ်ပါတယ်။
ဒီ တစ်ခုတည်းသော ဖိနစ်ကို ကြော်ငြာအတွက် အသုံးပြုဖို့ ၁၉၉၀ နှစ်များအတွင်း တစ်နေရာမှာ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီကြော်ငြာကို မျှော်လင့်ထားသလောက် ထောက်ပံ့မှု မပေးနိုင်တာကြောင့် Apple မှ ဒါကို ပစ်ထားခဲ့ပါတယ်။ Adidas Stan Smiths ရဲ့ စိတ်ကူးဖြစ်နိုင်ဖွယ်ရှိတဲ့ ယင်းရှိုးဖိနပ်မှာ ၉၀ နှစ်များက ပြုလုပ်တဲ့ အဖြူရောင်သားရေပုံစံ ရှိပါတယ်။ ဒီနေရာမှာ ထူးခြားတဲ့အချက်က ဒီတစ်ရံတည်းရှိတဲ့ Apple ဖိနပ်ကို ဘယ်သူ့ဆီမှာလဲ ဆိုတာပါပဲ။ အဲဒါကို ၁၉၉၀ ခုနှစ်များအတွင်း ကံကောင်းတဲ့ Apple ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ ပထမဆုံး ပိုင်ဆိုင်ရရှိခဲ့ပြီး နောက်တော့ သူ eBay ကနေတဆင့် ဒေါ်လာ ၇၉ နဲ့သာ ရောင်းချခဲ့ပါတယ်။
Ref: Mensxp
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment