ဒုတိယအကြိမ် ကလေးတစ်ယောက် ထပ်မွေးစားလိုက်တဲ့ Sandra Bullock


အသက် ၅၁ နှစ်အရွယ်၊ အော်စကာဆုရမင်းသမီး Sandra Bullock က အသက်သုံးနှစ်အရွယ်၊ သမီးလေး Laila ကို မွေးစားလိုက်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။ Sandra ဟာ ခုအကြောင်းကို People မဂ္ဂဇင်းနဲ့ တွေ့ ဆုံမှုမှာ ပွင့်ပွင့်လင်းလင်းဖြေကြားခဲ့တာဖြစ်ပါတယ်။
“ Laila ကို မြင်တော့၊ သူမ ဒီမှာ ( Sandra အိမ်)  ရှိသင့်တယ်ဆိုတာ ကျွန်မစိတ်ထဲ လုံးဝသေချာသွားပါတယ်” “ သင့်တော်တဲ့ကလေးတစ်ယောက်က အချိန်ကိုက်ပဲ ကျွန်မဘ၀ထဲ ၀င်လာခဲ့တာပါ” လို့  Sandra က People မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။
ဒါဟာ Sandra ရဲ့ ဒုတိယမြောက်မွေးစားကလေးဖြစ်ပြီး၊ Sandra ဟာ ၂၀၁၀ ခုနှစ်တုန်းက အသက်ငါးနှစ် အရွယ် သားလေး Louis ကို စတင်မွေးစားခဲ့ပါတယ်။ သားလေး Louis အနေနဲ့  Laila (Lila လို့ အသံထွက်) ရောက်လာတာ ဘယ်လိုခံစားရမလဲလို့ မေးတော့ Louis ကပဲ သူမရဲ့ ဒီမွေးစားမှုကို ကူညီလမ်းပြပေးခဲ့တာ ဖြစ်တယ်လို့ Sadra Bullock က ဖြေကြားခဲ့ပါတယ်။
Laila ကို အိမ်ကိုပထမဆုံးခေါ်လာတဲ့အချိန်တုန်းက သူမတို့ အနေနဲ့ စိတ်ရှည်မှုနဲ့ Laila လေး စိတ်ချလက်ရှိနေနိုင်အောင်လို့ အားပေးမှုတို့  လိုအပ်ခဲ့ကြောင်း Sandra က ပြောပြပါတယ်။  
Ref: People 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment