ရန်ကုန်မြို့လယ်ခေါင်က ဒဂုံမြို့နယ် အထက(၁)ကျောင်းအနားမှာ ဒီနေ့(ဇန်န၀ါရီ ၁၇ ရက်) မွန်းလွဲ ၃ နာရီခွဲလောက်က လမ်းသွားလမ်းလာ အမျိုးသမီးနှစ်ဦးဆီကနေ ဆွဲကြိုးနဲ့ ပိုက်ဆံအိတ်တို့ကို ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူ အသက် သုံးဆယ်ကျော် အမျိုးသားဟာ ဒဂုံ(၁) ကျောင်းဝင်းထဲကို ထွက်ပြေးသွားတာကြောင့် ပြည်သူလူထုက ဝိုင်းဝန်းဖမ်းဆီးပြီးနောက် ရဲစခန်းကို အကြောင်းကြား အပ်နှံခဲ့တယ်လို့ သိရပါတယ်။
Source : The Voice Weekly
Photo : Than Htwe Zaw
Credit: Duwun

0 comments:
Post a Comment