ဂျာကာတာ မြို့က အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှု (Credit: ABC) |
အင်ဒိုနီးရှားနိုင်ငံ တလွှားမှာ "အကြမ်းဖက်သမားတွေ ငရဲရောက်ပါစေ"၊ "အစ္စလာမ်မစ် နိုင်ငံ တည်ထောင်နေတာဟာ အင်ဒိုနီးရှားရဲ့ ညီညွှတ်မှုကို ဖျက်ဆီးနေတဲ့အတွက် အဲဒီလုပ်ရပ်ကို ဆန့်ကျင့်စို့" ဆိုတဲ့ စာသားတွေ ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဂျာကာတာမြို့မှာ ပေါက်ကွဲမှု ၇ ကြိမ်ဖြစ်ပွားခဲ့သလို သေနတ် ပစ်ခတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း လူ ၈ ဦး သေဆုံးခဲ့ရပါတယ်။
သေဆုံးသူတွေထဲမှာ ပြည်သူ ၄ ဦးပါဝင်ပြီး အကြမ်းဖက်သမားတွေနဲ့ ရဲတစ်ဦးလည်း ပါဝင်ပါတယ်။
အသေခံ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက် သမားကလည်း Starbucks ကော်ဖီဆိုင်မှာ အကြမ်းဖက်ခဲ့ပါတယ်။
အဲဒီလို ဗုံးဖောက်ခွဲမှုအတွင်း သေဆုံးသွားတဲ့ အသက် ၂၅ နှစ်အရွယ် Ahmad Muhazan ကို မြေမြုပ်သဂြိုလ်ရမှာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ ရွာသားတွေက အလောင်းကို လက်မခံဖို့ ဆန္ဒပြမှုတွေ ရှိနေပါတယ်။
အနောက်ဂျားဗား ပြည်နယ်က Indra Maya ဒေသခံတွေက သူတို့တွေဟာ အကြမ်းဖက်မှုကို မလိုလားဘူးလို့ ပြောဆိုဆန္ဒပြခဲ့ကြပေမယ့် အဲဒီအထဲမှာ မွတ်စလင် ဘာသာရေးဆရာလည်း ပါဝင်ပါတယ်။
မွတ်စလင် ဘာသာရေး ဆရာကတော့ အစ္စလာမ်ဘာသာရဲ့ သွန်သင်မှုနဲ့ ဥပဒေကို ဆန့်ကျင်တဲ့ အကြမ်းဖက်သမားရဲ့ အလောင်းကို အလိုမရှိဘူးလို့ ပြောပါတယ်။
ဂျာကာတာမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၁၂ ဦးရှိပြီ ဖြစ်ပါတယ်။ အဲဒီအထဲက တစ်ယောက်ကတော့ ဆီးရီးယားနိုင်ငံက ငွေကြေးတွေကို လက်ခံပြီး အင်ဒိုနီးရှားနိုင်ငံက အကြမ်းဖက် သမားတွေကို ထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
By Adam Harvey
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment