ရီးရဲလ်အသင်းဥက္ကဌဟောင်းဖြစ်သူ ရာမွန်ကယ်လ်ဒါရွန်က ရော်နယ်ဒိုနှင့် ဘေးလ်တို့ဟာ အခုနွေရာသီမှာ ရီးရဲလ်အသင်းကနေ ထွက်ခွာဖို့များပြီး သူတို့နှစ်ဦးရဲ့ အပြောင်းအရွေ့ဟာလည်း ဘာမဆို ဖြစ်လာနိုင်တယ်လို့ ESPN ကို ပြောပါတယ်။
ဒါ့အပြင် ရာမွန်က သူတို့ နှစ်ဦးကို ခေါ်ယူနိုင်တဲ့ အသင်းများဟာ မန်ယူ၊ မန်စီးတီး ၊ ပီအက်စ်ဂျီနှင့် ချယ်လ်ဆီး အသင်းများ ဖြစ်သလို လက်ရှိအသင်း နည်းပြ အပြောင်းအလဲ အခြေအနေတွေပေါ်လည်း မူတည်သေးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
၎င်းတို့ နှစ်ဦးကို ခေါ်ယူဖို့ မန်ယူအသင်းဟာ ဆက်တိုက်ကြိုးပမ်းနေခဲ့သလို၊ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ကာလမှာလည်း မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုတွေကို ဘေးလ် ဘက်ကနေပြီး ပယ်ချခဲ့ပါတယ်။ ရော်နယ်ဒိုဟာလည်း ပီအက်စ်ဂျီအသင်း (သို့) မန်ယူအသင်းနဲ့ ပြောင်းရွေ့ဖို့ သတင်းထွက်နေပါတယ်။
အဆိုပါ ကစားသမားနှစ်ဦးဟာ အသင်းအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လိုပြီး ၊ အစီအစဉ်ကောင်းများ ရေးဆွဲချမှတ်ပြီး ဆုဖလားများ ဆွတ်ခူးနိုင်မယ့် အသင်းအတွက်ပဲ ကစားပေးချင်တယ်လို့လည်း ရာမွန် ကယ်လ်ဒါရွန်က ဖြည့်စွက် ပြောကြားပါတယ်။
Source & Photo: ESPN
Credit: duwun

0 comments:
Post a Comment