ရနောင်းခရိုင်မှာ သင်္ဘောသား ၆ဦး ထူးဆန်းစွာသေဆုံး


ယမန်နေ့ ဇန်န၀ါရီလ ၁၃ရက်နေ့ ၂၀၁၆ခုနှစ် နေ့လည် ၁၂နာရီလောက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ငါးဖမ်းသင်္ဘောကြီး ၃စင်းပေါ် ငါးဖမ်းလုပ်သား ၆ဦးသေဆုံးပြီး ၅ဦးနာမကျန်းဖြစ်နေတယ်လို့ သတင်းထောက်ကသတင်းပေးပို့ထားပါတယ်။

 သေဆုံးသွားသောအကြောင်းရင်းလည်းမသိရသေးပါဘူး။ ၎င်းသင်္ဘော ၃စင်းကို အန္ဒိသမုဒ္ဒရာထဲမှာငါးဖမ်းနေရင်း သေဆုံးသွားကြပါတယ်။ သေဆုံးတာတော့ ၁၀ရက်လောက်ကြာခဲ့ပြီ အလောင်းကိုသင်္ဘောဝမ်းဗိုက်အောက်ပိုင်းက ရေခဲခန်းမှာထားပြီး မနေ့ဇန်န၀ါရီလ ၁၃ရက်နေ့မှာ ရနောင်းကမ်းခြေသို့ ပြန်လည်ဆိုက်ရောက်လာပါတယ်။

လက်ရှိမှာ ၎င်းအလောင်းတွေကို ရနောင်းဆေးရုံသို့တင်ပို့ပြီး သေဆုံးရခြင်းအကြောင်းရင်းကိုရှာဖွေနေပါတယ်။ ကျွမ်းကျင်သောဆရာဝန်၏ထင်မြင်ယူဆချက်အရ ပင်လယ်ထဲမှာ ၉လ လုံးလုံး ငါးဖမ်းနေရသည့်အတွက် အစိမ်းရောင်အဟာရဖြစ်သောဟင်းသီးဟင်းရွက်တွေ မစားသုံးရတာကြာလို့ ဗီတာမင်ဓာတ်ချို့တဲ့နေတာဖြစ်ပြီး တချို့ကငါးစိမ်းကောတွေစားနေကြလို့ ငါးစိမ်းဟာ ဗီတာမင်ဓာတ်ကိုဖြိုခွင်းစေတဲ့အတွက် ဤကဲ့သို့လို နာကျန်း သေဆုံးမှုတွေဖြစ်တယ်လို့ ဆရာဝန်ကပြောသွားပါတယ်။

MTF Channel
https://www.facebook.com/mtftv/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment