အသက် ၅နှစ်အရွယ် ကလေးမအား မတရားပြုကျင့်သည်ဟု စွပ်စွဲခံထားရသူ ဦးအောင်မြင့်အား တတိယအကြိမ် ရုံးထုတ်


စစ်တွေ၊ ဇန်န၀ါရီ ၁၄

၂၀၁၅ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ညနေ ၅နာရီချိန်ခန့်တွင် စက်ရုံစု မီးလောင်ပြင်တွင် နေထိုင်သော အသက် ၅နှစ်အရွယ်ကလေးအား မတရားပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ဦးအောင်မြင့်အား ဇန်န၀ါရီလ ၁၂ ရက်နေ့က စစ်တွေမြို့ ခရိုင်တရားရုံးတွင် တတိယကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည် ဟုသိရသည်။

မတရားပြုကျင့်ခံရသူ ကလေးငယ်သည် ဦးအောင်မြင့်နှင့် အိမ်နီးချင်း နေထိုင်သူဖြစ်ပြီး ဦးအောင်မြင့်သည် ကလေးငယ် အိမ်သာသွားရာတွင် ဘောလုံးပေးမည်ဆိုပြီး ခေါ်သွားကာ မတရားပြုကျင့်ခဲ့ခြင်းဖြစ်သည် ဟုသိရသည်။

"ကျွန်မကလေး အိမ်ကို ငိုပြီးပြန်လာပါတယ်။ ကျွန်မသွေးတွေကိုမြင်လို့ ကလေးကို ဘာဖြစ်လာတာလည်လို့ မေးလိုက်တယ်။ ကလေးက ဦးအောင်မြင့် သူ့မကို မတရားပြုကျင့် လိုက်တယ်လို့ပြောတယ်။ ကျွန်မနဲ့ ကျွန်မအမေ သူ့ကိုသွားမေးတယ်၊ နင်ကလေးကို ဘာလို့ မတော်မတရား လုပ်ရတာလဲမေးတာ့ သူကဘာမှ မလုပ်ဘူးလိုငြင်းတယ်။အုပ်ချုပ်ရေးမှူးကို ကျွန်မသွားတိုင်လိုက်တယ်"ဟု မိခင်ဖြစ်သူက နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။

ရုံးထုတ်သည့်နေ့က တရားလိုသက်သေတစ်ဦးဖြစ်သူ ဒေါ်ကျော့စိန်အား စစ်ဆေးခဲ့ရာ ဒေါ်ကျော့စိန်က "ကျွန်မသမီးက လာခေါ်တယ် အောင်မြင့်က ကလေးကို မတရားပြုကျင့်လိုက်တယ်လို့ ပြောတော့ ကျွန်မလိုက်သွားတယ်။ သွားမေးတော့ သူမလုပ်ဘူးလို့ငြင်းတယ်။ ပြီးတော့ သူက ကျွန်မတို့ အိမ်ကိုလာပြီး ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့ ကလေးအဖေကိုလည်း မပြောနဲလို့ပြောတယ်။ ကလေးကို ဘာမှမဖြစ် ရအောင် ဆေးတစ်လုံး ထိုးပေးမယ်လို့ သူက ပြောတယ်"ဟု ထွက်ဆိုခဲ့သည် ဟုသိရသည်။

အဆိုပါအမှုတွင် တရားလိုအပါအ၀င် စုစုပေါင်း ၁၄ဦးအား စစ်ဆေးသွားမည်ဖြစ်ပြီး ၅ ဦးအား စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဦးအောင်မြင့်အား ပုဒ်မ ၃၇၆၊ ၃၇၇၊ ၅၁၁ တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ သူသည် အမှတ် ၃၇၈ မြောက်ဦး ခြေမြန်တပ်က စစ်ပြေးမှုဖြင့် ထောင်ကျဖူးသူတစ်ဦး ဖြစ်သည်ဟုလည်း သိရသည်။

ဖြူနှင်းဝေ
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment