၂၁-၁-၁၆ ည ၁၀ နာရီခန့်တွင် လင်မယားနှစ်ဦး ကွမ်းယာဝယ်နေစဉ် အမျိုးသားလေးဦး ရောက်လာပြီး ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒလမြို့နယ်ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၁ ရက် ည ၁၀ နာရီခန့်တွင် ဒလမြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် နှင်းဆီလမ်းထိပ်ရှိ ကွမ်းယာဆိုင်တွင် မောင်မောင်ဆင့်သည် ဇနီးဖြစ်သူ မထွေးစန္ဒာနှင့်အတူ ကွမ်းယာဝယ်နေစဉ် မောင်မောင်ဆင့် အား အိုးကျယ် (ခ) သူရအောင်မှ ဓားဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း၊ မထွေးစန္ဒာမှ မိခင်ဖြစ်သူ ဒေါ်စန်းစန်းအေးအား ဖုန်းဆက်အကြောင်းကြားသဖြင့် သွားကြည့်ရာ မောင်မောင်ဆင့်တွင် ၀မ်းဗိုက်ချက်အထက်၌ ထိုးသွင်းဒဏ်ရာ တချက်ရရှိခဲ့၍ ဒလပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားသဖြင့် ဒေါ်စန်းစန်းအေးမှ တရားလို ပြုလုပ်တိုင်ကြားပြီး ဒလမြို့မရဲစခန်းတွင် (ပ)၃၀/ ၁၆၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်၍ တရားခံဖြစ်သော သူရအောင် (ခ) အိုးကျယ် (၂၀)နှစ်၊ ကိုကိုနိုင် (ခ) ကုလားလေး (၂၁) နှစ်၊ ရဲမင်းဦး (ခ) ရဲမင်းစိုး (၁၉) နှစ်၊ မြင့်ကျော် (၄၀) နှစ်တို့အား ညတွင်းချင်းဖမ်းဆီးရမိပြီး ရဲအုပ်သက်နိုင်မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်သူရိန်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
0 comments:
Post a Comment