ကျောက်ဆည်မြို့တွင်မီးလောင်မှုဖြစ်ပွား


ကျောက်ဆည် ဇန်နဝါရီ ၂၂

ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက် (ကွက်သစ်) တွင် ဇန်နဝါရီ (၂၂) နေ့လည်(၁၂:၂၇)နာရီက ဒေါ်ပြည့်(ဘ)ဦးမျိုးနေအိမ်၊ မီးကြွင်းမီးကျန် မှ တဆင့် မီးလောင်းမှုဖြစ်ပွားခဲ့ရာ(၈'×၁၀') ပေထရံကာ၊ ထန်းရွက်မိုး၊ သစ်သား ကြမ်းခင်း တစ်ဝက်နှင့် အိမ်နီချင်း မဇာခြည်ဝင်း (၈'×၈')ပေဝါးကပ်မိုး၊ ထရံကာ လူနေတဲအိမ် တစ်လုံးနှင့် ဦးကြယ်နီ(၁၀'×၁၀') ပေလူနေတဲအိမ် ဝါးကပ်မိုး အနည်းငယ် မီးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦစီးဌာန သတင်းထုတ်ပြန် ချက်အရသိရှိ ရသည်။


မီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်ထွန်းနှင့် တပ်ဖွဲ့ဝင်(၁၆)ဦး၊ အရံမီးသတ် တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်နေပြည်သူများက မီးငြိမ်းသတ်ယာဉ် (၃)စီး၊ Dcp(3)Kg(၁)ဘူး၊ ပတ်ဝန်းကျင်မှရေများနှင့် ဝိုင်းငြိမ်းကျရာ ၁၂ နာရီ ၃၅ မိနစ် တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရပြီး မီးစတင်လောင်သည့် အိမ်ရှင်ဒေါ်ပြည့်အားကျောက်ဆည်မြို့၊မြို့မရဲစခန်းမှ ပ ၄၁/၂၀၁၆ ပုတ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment