ဟယ်ရီပေါ်တာ မင်းသား အဲလန် ရစ်ခ်မန် ကွယ်လွန်


ဟယ်ရီပေါ်တာ၊ ဒိုင်းဟတ်ဒ်၊ ရောဘင်ဟုဒ် စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဗြိတိသျှ ရုပ်ရှင်မင်းသား အဲလန် ရစ်ခ်မန် အသက် ၆၉ နှစ်ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားကြောင်း သူ့မိသားစုက ကြေညာချက် ထုတ်ပြန်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဖြစ်သူ အဲလန် ရစ်ခ်မန်ဟာ ဇန်န၀ါရီ ၁၄ ရက်နေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီး သူကွယ်လွန်ချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေ စုံစုံလင်လင် ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဟယ်ရီပေါ်တာ ဇာတ်ကားမှာ ပရော်ဖစ်ဆာ Severus Snape အဖြစ်နဲ့ ဒိုင်းဟတ်ဒ် ဇာတ်ကားမှာ Hans Gruber အဖြစ် သရုပ်ဆောင်ခဲ့ပြီး ဗြိတိန် ပရိသတ်အကြိုက် မင်းသားတွေထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပြီး ကမ္ဘာသိ ကျော်ကြားခဲ့ပါတယ်။

ဟယ်ရီပေါ်တာ ၀တ္တုရေးသားခဲ့တဲ့ စာရေးဆရာမ ဂျေကေ ရိုလင်းက သေဆုံးသူ အဲလန် ရစ်ခ်မဲန်ကို ဦးဆောင်ချီးကျူး ထောပနာပြုခဲ့ပြီး သူဟာ အင်မတန် ချီးကျူးဖို့ကောင်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပြီး နှစ်သက်စရာကောင်းတဲ့သူ တစ်ဦးဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဟယ်ရီပေါ်တာ ဇာတ်ကားမှ ဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသား ဒန်နီရယ်လ် ရက်ဒ်ကလစ်ဖ် ကတော့ ကျနော်နဲ့လက်တွဲလုပ်ခဲ့သူတွေထဲမှာ သူဟာ ကြိုးစားပြီး အထူးချွန်ဆုံးသူ တစ်ဦးပါပဲ လို့ ပြောဆိုခဲ့ပါတယ်။

အဲလန် ရစ်ခ်မန်ဟာ ဒိုင်းဟတ်ဒ် ဇာတ်ကားနဲ့ လူကြိုက်များ နာမည်ကျော်ကြားခဲ့ပြီး Emmy, golden globe နဲ့ BAFTA စတဲ့ ရုပ်ရှင်အကယ်ဒမီဆုများ အပါအ၀င် ဆုပေါင်း ၁၆ ဆု ချီးမြှင့်ခံရသူဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment