၁၃ နှစ်အရွယ် မိန်းကလေးများအား လိင်ပိုင်းဆိုင် ရာခေါင်းပုံဖြတ် အမြတ်ထုတ် သူကိုဖော်ထုတ်အရေးယူ


ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images
ရန်ကုန် ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီးမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးများအပါအဝင် အသက် ၁၆ နှစ်မှ ၂၁ နှစ် အထိ မိန်းကလေးငယ်ခြောက်ဦးအား လိင်ပိုင်း ဆိုင်ရာ ဖျော်ဖြေမှုတွင် အခကြေးငွေရယူခိုင်းစေပြီး ရရှိသည့် ငွေကြေး အပေါ် ခေါင်းပုံဖြတ် ရယူသူ မဝေ(ခ) ဒေါ်ဝေ ဝေဦး (၅၂ နှစ်)ကို လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၆) ရန်ကုန်၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု(ရန်ကုန်)၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ကြီးကြပ် မှုအဖွဲ့နှင့် Save The Children အဖွဲ့တို့ ပူးပေါင်း ဖော်ထုတ်ကာ ဇန်နဝါရီ ၁၁ ရက် ညသန်းခေါင်ကျော် တွင် တောင်ဥက္ကလာပမြို့မရဲစခန်း၌ (ပ) အမှတ် ၁၉/၂ဝ၁၆၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

အသက်(၁၃ နှစ်)အရွယ် မိန်းကလေးအား မဝေ ဆိုသူ အမျိုးသမီးက လိင်ပိုင်း ဆိုင်ရာခေါင်းပုံဖြတ် အမြတ် ထုတ်နေကြောင်း သတင်းရရှိသဖြင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၆) ရန်ကုန်က စုံစမ်းခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်တွင် တပ်ဖွဲ့စု(၆) ရန်ကုန်မှ တပ်ဖွဲ့စုမှူး ရဲမှူး ရဲဝင်းအောင်နှင့် အဖွဲ့သည် ၁၃ နှစ် အရွယ် မ--- အား ကယ်တင်နိုင်ရေးနှင့် လိင်ပိုင်း ဆိုင် ရာ ခေါင်းပုံဖြတ် သူ မဝေဆိုသူအား စုံစမ်းဖော်ထုတ်ရန် မဝေ ကိုင်ဆောင်သည် ဟုသိရသော ဖုန်းသို့ ဆက်သွယ် ကာ နိုင်ငံခြားသား တစ်ဦး က ချိတ်ဆက်စေကြောင်းပြောကြား၍ မ--- အား ပို့ဆောင်ပေးလေ့ ရှိသော မိုတယ်တစ်ခုသို့ ချိန်းဆိုပြီး မ - - - အား ကယ်တင်ခဲ့သည်။

အသက် (၁၃ နှစ်) အရွယ် မ- - - အား တပ်ဖွဲ့စု (၆)ရန်ကုန်ရုံးသို့ ခေါ်ဆောင် ကာ တွေ့ဆုံမေးမြန်းခဲ့သည်။ တွေ့ဆုံမြန်းချက်များအရ မ - - - (၁၃ နှစ်) သည် သန်လျင်မြို့နယ်မှဖြစ်ပြီး စီးပွားရေးအဆင်မပြေသဖြင့် လွန်ခဲ့သောခြောက်လ ခန့်က မိခင်ဖြစ်သူမှ ယခင်က သိကျွမ်း သူ တောင် ဥက္ကလာပမြို့နယ် (၅)ရပ်ကွက် စစ်ကိုင်း၂၆ လမ်း အမှတ် ၇၁၄ တွင် နေထိုင် သည့် မဝေ(ခ) ဒေါ်ဝေဝေဦး (၅၂ နှစ်) ထံသို့ အလုပ်လုပ်ကိုင်ရန် ပို့ဆောင်ခဲ့ကြောင်း၊ မဝေသည် မိခင်ဖြစ်သူ၏ယုံကြည်မှုကို အခွင့်ကောင်း ယူပြီး မ - - - အပါအဝင် အခြား မိန်းကလေးများအားNight Club သို့ ပို့ဆောင်ကာ Night Club တွင် လာရောက် သည့် နိုင်ငံခြားသား ဧည့်သည် များနှင့်ချိတ်ဆက်၍ ဟိုတယ်၊ မိုတယ်များ၌ လိင်ပိုင်း ဆိုင်ရာ ဖျော်ဖြေစေကြောင်း၊ မ - - - ကိုယ်တိုင်ပင် ခြောက်လ ကာလအတွင်း လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှု အကြိမ် ၁၂ဝ ခန့်လုပ်ကိုင်ခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ ကိစ္စမှရရှိသော ငွေကြေးအပေါ် မဝေက ခေါင်းပုံဖြတ်ရယူခဲ့ကြောင်း၊ လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှု တစ်ကြိမ်လျှင် ကျပ် ၈ဝဝဝဝ/- ခန့်ရရှိပြီး မဝေကရရှိငွေအပေါ် ၅ဝ ရာခိုင်နှုန်း ခေါင်းပုံ ဖြတ်ရယူကြောင်း၊ မဝေ၏နေအိမ်၌ မ- - - ကဲ့သို့ အခြား မိန်းကလေးများရှိနေကြောင်း မေးမြန်းသိရှိခဲ့သည်။

ဆက်လက်၍ လူကုန်တားရဲတပ်ဖွဲ့စု(၆) ရန်ကုန်၊ ကလေးသူငယ်ရဲတပ်ဖွဲ့စု(ရန်ကုန်)တို့သည် တောင် ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ သက်သေများနှင့် အတူ မဝေ(ခ) ဒေါ်ဝေဝေဦး၏နေအိမ်ကို ဝင်ရောက် ရှာဖွေခဲ့ရာ မဝေ(ခ)ဒေါ်ဝေဝေဦး၏နေအိမ်အောက်ထပ် နောက်ဖေး အခန်းအတွင်းမှ မိန်းကလေး ငါးဦးထပ်မံတွေ့ရှိ ခဲ့ရပြီး မေးမြန်းခဲ့ရာ မ - - - ကဲ့သို့ပင် êကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

မိန်းကလေးငယ်များအား လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှု တွင် အခကြေးငွေ ရယူခိုင်းစေပြီး ရရှိသည့်ငွေကြေးအပေါ် ခေါင်းပုံဖြတ် ရယူသူ မဝေ(ခ) ဒေါ်ဝေဝေဦး အား ဥပဒေအရ အရေးယူပေးပါရန် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(၆)ရန်ကုန်မှ ဒုရဲမှူး ဝင်းနိုင် ဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဇန်နဝါရီ ၁၂ ရက် နံနက် ဝဝ နာရီ မိနစ် ၅ဝ တွင် တောင်ဥက္ကလာပမြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

မင်းနိုင်(လူကုန်တား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment