ဇန်နဝါရီ ၁၃ရက်
ပဲခူး - ရန်ကုန် - တောင်ငူ ကားလမ်းမကြီးပေါ် မှာ ဇန်န၀ါရီလ ၁၃ ရက်နေ့ မနက် ၅နာရီခန့် က ယာဉ်တိုက်မှု ဖြစ်ပွားရာ ယာဉ်မောင်တဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ပဲခူးမြို့ အရှေ့ ဘက်ကနေ အနောက်ဘက်ကို ယာဉ်မောင်းကိုအောင်ကျော်ဦး (၃၀)နှစ် ၊ နန်းတော်ရာ၊ ပဲခူးမြို့ နေသူ မောင်းနှင်းလာတဲ့ 1F/****probox အဖြူရောင်ယာဉ်ဟာ ရှေ့ မှမောင်းနှင်လာတဲ့ ကုန်တင် ကား (စုံစမ်းဆဲ)မှ ရုတ်တစ်ရက် ဘရိတ်အုပ်ခဲ့မှုကြောင့် နောက်ကနေ ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းကိုအောင်ကျော်ဦးမှာ အခင်းဖြစ်နေရာမှာပင် သေဆုံးခဲ့ပြီး ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီးနှစ်ဦးမှာလည်း ဒဏ်ရာများရရှိခဲ့ပါတယ်။
ရုတ်တရက် ဘရိတ်အုပ်ခဲ့တဲ့ ကုန်တင်ယာဉ်ကတော့ အခင်းဖြစ်နေရာကနေ တိမ်းရှောင်မောင်းနှင် သွားပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကို ပဲခူးမြို့မ ရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၀၂ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကာ ဆက်လက် စုံစမ်းဆောင်ရွက်လျှက် ရှိကြောင်း သိရပါတယ်။
Credit လူမုန်း ဟံသာဝတီ
သစ်ထူးလွင်
0 comments:
Post a Comment