ရန်ကုန် ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ် ၂၁-၁-၂၀၁၆ ရက်နေ့ နံနက် ၈ နာရီ၊ (၅၀) မိနစ် အချိန်တွင် အမှတ် (၂၀) ရပ်ကွက်၊ သံဒင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်-၂၅၃ (A)၊ ၂၀’×၆၀’ ရှိ ၂ ထပ်အုပ် ညှပ်၊ ငွေလှိုင်းတက် ကုန်စုံဆိုင်မှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ရာသို့ မီးသတ်ယာဉ် (၁၁) စီး၊ မိတ်ဖက်ယာဉ် (၁) စီး၊ အုပ်ချုပ်မှု ယာဉ် (၂) စီး၊ သန္ဓေမီးသတ် (၆၅)ဦး၊ အရံမီးသတ် (၆၈)ဦးတို့ဖြင့် မီးငြှိမ်း သတ်ရာ (၉) နာရီ (၃၀) မိနစ် အချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ပါသည်။
မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဦးမြင့်လွင် (၅၆)နှစ်၊ (ဘ) ဦးအောင်မြင့်အား ရွှေပြည်သာ ရဲစခန်းမှ အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
0 comments:
Post a Comment