နေအိမ်လိပ်စာမသိ၍ ကလေးငယ်(၃)ဦးကို အကူအညီတောင်းသည့်အမျိုးသမီး ကလေးသူခိုးအဖြစ်စွပ်စွဲခံရ


နေပြည်တော်၊ ဇန်နဝါရီ ၁၅

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကလေးသူခိုးဟု ယူဆရသည့် မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးအား ထိန်းသိမ်းထားကြောင်း ရပ်ကွက် အထောက်အကူပြု ကော်မတီဥက္ကဌ၏ ဆက်သွယ် အကြောင်းကြားချက်အရ စစ်ကိုင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ခဲ့ပြီး အဆိုပါ အမျိုးသမီးအား ရဲစခန်းသို့ခေါ်ဆောင်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ စွပ်စွဲခံရသူမှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ မကေသီထွန်း(၃၀)နှစ်ဖြစ်ပြီး ၎င်းသည် ယင်းနေ့ နံနက် ၁၁ နာရီအချိန်က ထုံးဘိုရပ်ကွက်နေ မိတ်ဆွေဖြစ်သူ ကိုဆန်းကျော်ဦး(၃၂)နှစ်၏ နေအိမ်သို့ အလုပ်ကိစ္စဖြင့် လာရောက်စဉ် နေအိမ်အားမသိ၍ ထုံးဘိုရပ်ကွက်၊ လေးမျက်နှာဘုရားကုန်းပေါ်၌ ဆော့ကစားနေသည့် မအေးသက်မွန်(၈)နှစ်ပါ ကလေးငယ်(၃)ဦးကို အကူအညီတောင်း မေးမြန်းသဖြင့် ကလေးငယ်များမှ မကေသီထွန်းအား ကိုကျော်ဆန်းဦး၏နေအိမ်သို့ လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုအချိန်တွင် ကလေးငယ်များ၏ မိဘများမှ ကလေးများအား ဆော့ကစားနေသည့်နေရာတွင် မတွေ့ရှိသဖြင့် စိတ်ပူပြီး ရပ်ကွက်အတွင်း လိုက်လံရှာဖွေစဉ် မကေသီထွန်းအား ထုံးဘိုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး၌ တစ်ဦးတည်း တွေ့ရှိရသဖြင့် ရပ်ကွက် အထောက်အကူပြုကော်မတီမှ ထိန်းသိမ်းထားပြီး ရဲစခန်းသို့အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးငယ်များ ၎င်းတို့၏နေအိမ်အသီးသီးသို့ ပြန်လည်ရောက်ရှိနေသည်ကို မိဘများမှ မသိရှိဘဲ စိတ်ပူကာ ယခုကဲ့သို့ မှားယွင်းစွပ်စွဲမိခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မကေသီထွန်း အား ပြန်လွှတ်ပေးခဲ့ပြီး ကလေးငယ်များ၏မိဘများနှင့် ရပ်ကွက်နေပြည်သူများအား ယခုကဲ့သို့ ထူးခြားသတင်းများရရှိပါက ရဲစခန်းသို့ အကြောင်းကြားပေးခြင်းအပေါ် ကျေးဇူးတင်ရှိ ပါကြောင်း၊ နောက်နောင်လဲ အကြောင်းကြား ပေးစေလိုပါကြောင်း၊ ကောလာဟလသတင်းများအပေါ် မယုံကြည်စေလိုပါကြောင်းဖြင့် နှစ်သိမ့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment