အီရတ် အရပ်သားတွေ ဘေးဒုက္ခ မယုံနိုင်အောင် ဆိုးရွား


တကယ့် အသေအပျောက် ကိန်းဂဏန်းတွေက အစီရင်ခံမှာ ပါတာထက် ပိုများနိုင်တယ်လို့ ကုလက ပြော။
အီရတ် နိုင်ငံထဲက အရပ်သားတွေဟာ မယုံနိုင် လောက်အောင် ဆိုးရွားတဲ့ အကြမ်းဖက်မှု တွေနဲ့ ရင်ဆိုင် ခဲ့ရပြီး၊ ၂၀၁၄ ဇန်နဝါရီ ၁ ရက်ကနေ ၂၀၁၅ အောက်တိုဘာ ၃၁ ရက် အတွင်း အသတ် ခံရသူပေါင်း ၁၈,၈၀၀ ဦး ရှိခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

အဲဒီ ကာလအတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေး ကြရတဲ့ အရေအတွက်ကလည်း ၃.၂ သန်း လောက် ရှိတယ်လို့ ကုလ သမဂ္ဂရဲ့ အစီရင်ခံစာ အသစ်မှာ ဖော်ပြ ထားပါတယ်။

အကြမ်းဖက်မှု အများစုကို အစ္စလာမ္မစ် နိုင်ငံ IS အဖွဲ့က စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန် လုပ်ခဲ့တာ ဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ စုစုပေါင်း ၃၅၀၀ လောက်ကိုလည်း IS အဖွဲ့က ကျွန်အဖြစ် ဖမ်းဆီး ခဲ့တယ်လို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဒါ့အပြင် အီရတ် တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေနဲ့ ကာဒစ်ရှ် တပ်ဖွဲ့တွေက ကျူးလွန်တဲ့ အကြမ်းဖက်မှု မတရားမှု တွေကိုလည်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ဒီ အစီရင်ခံစာကို ပြုစုရာမှာ လွတ်မြောက် လာသူတွေရဲ့ ထွက်ဆိုချက်တွေ၊ မျက်မြင် သက်သေတွေနဲ့ မေးမြန်းချက်တွေပေါ် အခြေခံပြီး ပြုစုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment