မန္တလေးတွင် အမေများနေ့ အထိမ်းအမှတ် မိဘခြေရာခံယူသူ ၇ဝ ကျော်ရှိ


မန္တလေး ဇန်နဝါရီ ၂၃

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၅)လမ်း၊ (၃၄)လမ်းနှင့် (၃၅)လမ်း ထောင့်ရှိ ပရိယတ္တိသာသနာ့ဗိမာန် (ဦးလှသိန်းဗိမာန်)၌ အမေများနေ့ အထိမ်းအမှတ်အဖြစ် မိဘခြေရာခံယူ ပွဲကို ဇန်နဝါရီ ၁၉ ရက်မှ၂၃ ရက်ထိ ပြုလုပ်ခဲ့ရာ မိဘခြေရာခံသူပေါင်း ၇ဝ ကျော်ရှိကြောင်း သိရသည်။

''အမေ့ရဲ့ ဂုဏ်ကျေးဇူးကို စက္ကန့်တိုင်းသတိတရရှိပြီး ပြန်လည် ပေးဆပ်နိုင်ဖို့အင်အားအဖြစ် အမေ့ရဲ့ ခြေရာကို ခံယူတာဖြစ်ပါတယ်။ ကိုယ်နဲ့မကွာဆောင်ထားပြီး ဘဝမှာ အောင်မြင်မှုပဲဖြစ်ဖြစ်၊ ဆုံးရှုံးမှုပဲဖြစ် ဖြစ်ကြုံတွေ့ရင် အမေကအားပေးနေ မယ်လို့ယုံကြည်ပါတယ်''ဟု အမေ့ခြေရာခံယူခဲ့သူ ကိုအောင်သန့်ခိုင်က ပြောသည်။

အမေများနေ့ အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်(ပြာသိုလပြည့်နေ့) မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ဗိမာန်၌ ကျင်းပမည်ဖြစ်ပြီး စာရေး ဆရာများက မိဘဂုဏ်ရည်နှင့် ပတ်သက်သည့် ဟောပြောပွဲများ ကျင်းပမည်ဖြစ်သည်။

''အမေ့ကျေးဇူးတရားတွေကိုသိပြီး လက်တွေ့ပေးဆပ်ဖို့ ရည်ရွယ်ကျင်းပ တာဖြစ်တယ်။ မိဘကျေးဇူးအနန္တ ဆိုတာ မြတ်ဘုရားဟောကြားထားတယ်။ တကယ်လည်း ကျေးဇူးကြီးမား လှပါတယ်။ အမေ့ကျေးဇူးမှမသိရင် တခြားကျေးဇူးကိုလည်းသိတတ်မှာ မဟုတ်ဘူး''ဟု အမေများနေ့ကျင်းပရေး ဦးဆောင်သူ ဆရာဦးဖုန်းမြင့်အောင် ကပြောသည်။

ကမ္ဘာတွင်လည်း အမေများနေ့နှင့် အဖေများနေ့များရှိကြောင်း၊ မန္တလေးမြို့ တွင် အမေများနေ့ကို ၁၉၉၆ ခုနှစ်က စတင်၍ ပြာသိုလပြည့်နေ့တိုင်း ကျင်းပခဲ့ရာ အကြိမ်(၂ဝ)မြောက်ရှိပြီ ဖြစ်ကာ ဆရာအော်ပီကျယ်၊ ဆရာထွဏ်းသွေးအိမ်နှင့် ဆရာမ မေကျော့ရှင်းတို့က ဟောပြောကြမည် ဖြစ်သည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment