Wang Feng ဇာထိုးပန်းထိုးစက်ရုံ လုပ်ခလစာ အပြည့်မပေးလို့ ဆန္ဒပြ


လှိုင်သာယာစက်မှုဇုန်မှာ လုပ်ခလစာအတွက် ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမားတချို့ကို တွေ့ရစဉ်
Photo: RFA
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၅ မှာရှိတဲ့ Master Wang Feng Myanmar 1 ဇာထိုးပန်းထိုး စက်ရုံက အလုပ်သမား ၁၈ဝဝ လောက်ဟာ လုပ်ခလစာအပြည့်အဝ ရရှိရေးအတွက် စက်ရုံထဲမှာ ဆန္ဒပြနေကြပါတယ်။

အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်ရရေးအတွက် စက်ရုံထဲမှာပဲ အလုပ်မဆင်းပဲ ဆန္ဒပြတောင်းဆိုနေ တယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဇင်မျိုးကိုက ပြောပါတယ်။

"ပန်းထိုးကြေးနဲ့ အလုပ်လုပ်တဲ့သူတွေ ပန်းထိုးကြေးပေးရမယ်၊ ပြီးရင် ပန်းထိုးကြေးနဲ့မဟုတ်တဲ့ အလုပ်သမားလေးတွေကို ကျွမ်းကျင်မှုအလုပ်ကြေး နှစ်သောင်း ထက်မနည်း ပေးရမယ်ဆိုတဲ့ သူတို့က မကျေနပ်ဘူးဆိုပြီး ခုံသမာဓိကောင်စီကိုတင်တယ်၊ အခု ကျနော်တို့ကို သူတို့က ၆ လပြည့်တာတောင်မှ ၃၆ဝဝ မပေးပဲနဲ့ ကလေးတွေကို ညာပြီးတော့ခိုင်းနေတာလေ၊ ကျနော်တို့ ၉ လပိုင်းရယ်၊ ၁ဝ လပိုင်းရယ်၊ ၁၁ လပိုင်းရယ် အဲ့ဒီ ၃ လစာကို ကျနော်တို့က ပြန်ရမှာလေ၊ ခုံသမာဓိရဲ့ ဆုံဖြစ်ချက်က ပေးလိုက်ပါ ပေးရ မယ်ဆိုပြီးတော့ပါတယ်၊ ကျန်တဲ့ ၄ ချက်ကိုလည်း အခုချိန်ထိ ကျနော်တို့ ခံစာခွင့်မပေးသေးတဲ့အတွက် ကျနော်တို့ ဒီအပေါ်မှာမကျေနပ်လို့ ကျနော်တို့က အရင်အတိုင်းပဲပေးပါဆိုပြီးတော့ ထပ်တိုးတောင်း တာပေါ့"

တစ်ရက် အနည်းဆုံး လုပ်ခလစာ ၃၆ဝဝ ကျပ်ကို စက်တင်ဘာ ၁ ရက်နေ့ကနေ စတင်ပေးရမယ်လို့ သတ်မှတ် ထားပေမယ့် စက်ရုံဘက်က ၃ လလောက်အထိ ၃၆ဝဝ ကျပ်နှုန်းနဲ့မပေးပဲ တစ်လကို ၁၈ဝဝ ကျပ်ကနေ ၂၇ဝဝ ကျပ် အထိသာ ပေးတာကြောင့် အလုပ်သမားတွေက အနိမ့်ဆုံးလုပ်ခအတိုင်း လိုချင်ကြတာဖြစ်ပါတယ်။

အဲ့ဒီဇာထိုးပန်းထိုး စက်ရုံမှာ အလုပ်သမား ၂၅ဝဝ လောက်အလုပ်လုပ်နေကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment