ဒေသခံများကန့်ကွက်မှု ကြောင့် ရပ်ကွက်အုပ်ချုပ်ရေမှူး ရွေးချယ်ပွဲပျက်ခဲ့ပြီးနောက် ပွဲအ ပြီးတွင် ကန့်ကွက်သူများတွင် ပါဝင်သော အမျိုးသမီးကို ဆိုင် ကယ်ဖြင့် တိုက်မိသူ ရပ်ကွက်အ ထောက်အကူပြုကော်မတီအဖွဲ့ ဝင်တစ်ဦး ပါးရိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၉ ရက်က ပြည် မြို့ နဝင်းရပ်ကွက်၏အုပ်ချုပ်ရေး မှူးရွေးချယ်ပွဲ ပြုလုပ်ခဲ့ရာ ဒေသ ခံများက ကျေနပ်မှု မရှိ၍ ကန့် ကွက်မှုများကြောင့် ရွေးချယ်ပွဲ ပျက်ခဲ့ရသည်။
နဝင်းရပ်ကွက်အုပ်ချုပ်ရေး မှူး ရွေးချယ်ပွဲတွင် ဆယ်အိမ်စုကိုယ်စားလှယ်များအား လက် သိပ်ထိုးရွေးချယ်ခဲ့သည်ဟုဆိုကာ ဒေသခံများက ကန့်ကွက်ခဲ့သဖြင့် ပွဲပျက်ခဲ့ကြောင်း၊ ကန့်ကွက်သူ များတွင် ဆိုင်ကယ်တိုက်ခံရသော အမျိုးသမီးနှင့် ဒေသခံအမျိုးသမီး အချို့ပါဝင်ခဲ့ကြောင်း ရွေးချယ်ပွဲ ၌ ရှိနေသည့် ပြည်မြို့နယ်အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦး ကျော်ကျော်ဉာဏ်ဝင်းက ပြော သည်။
‘‘ကျွန်မကိုယ်တိုင် ဆယ်အိမ် စုကိုယ်စားလှယ်ပါ။ တခြားဆယ် အိမ်စု ကိုယ်စားလှယ်တွေကို လက်သိပ်ထိုး ရွေးချယ်တာတွေ ရှိနေလို့ ကန့်ကွက်တယ်၊ ပွဲပျက် တယ်။ နှစ်ကြိမ်ရှိပြီ။ အဲဒါကို မ ကျေနပ်လို့ ကျွန်မနဲ့ မျက်နှာချင်း ဆိုင်ကနေ ဆိုင်ကယ်ကို ဖြတ် မောင်းသွားပြီး နောက်ကျောဘက် ရောက်မှ တမင်ပြန်လှည့်လာပြီး တိုက်တာ’’ဟု ဆိုင်ကယ်တိုက်ခံရ သဖြင့် တိုက်သူကို ပါးရိုက်သူ ဒေါ်သန်းသန်းအေးက ပြောကြားသည်။
‘‘ကျွန်မအစ်မကို တမင်တ ကာ တိုက်တာလားလို့ သွားမေး တော့ ဘာဖြစ်ချင်လို့လဲဆိုပြီး ကျွန် မရင်ဘတ်ကို ဆွဲလိုက်လို့ ရင်ညွန့်ပေါ်ပြီး ရှက်ပြီး ပါးကို ရိုက်လိုက် တယ်’’ဟု ဒေါ် သန်းသန်းအေးညီမ ပါးနှစ်ချက်ရိုက်သူ ဒေါ်သန်းသန်းဝင်းက ပြောသည်။
ဆိုင်ကယ်တိုက်မှုကြောင့် ဒေါ်သန်းသန်းအေး အသက်(၅၆) နှစ်သည် ယာဘက်ပခုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ နဝင်းရပ်ကွက်အ ထောက်အကူပြုကော်မတီအဖွဲ့ ဝင် ဦးချစ်ငွေအား မော်တော်ယာဉ်အက်ဥပဒေပုဒ်မ ၃၃၇ အရ ပြည် မြို့အမှတ်(၁)ရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
‘‘တမင်တကာ ရည်ရွယ်ပြီး တိုက်တယ်လို့ ထင်ပြီး ရိုက်တာ ပါ။ အတိုက်ခံရတဲ့ ညီအစ်မနှစ် ယောက်က သုံးချက်ရိုက်တယ်။ သူတို့အနားမှာ ရှိတဲ့အမျိုးသမီး တစ်ယောက်က ရွေးကောက်ပွဲ တုန်းက မဲလိမ်တယ်လို့ စွပ်စွဲခဲ့ တာကို ပြောမလို့။ ဆိုင်ကယ်ပြန် အလှည့်မှာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်လက်ကိုင်ဘက်မှန်နဲ့ တိုက်မိသွားတာ။ အဲဒါကိုလည်း ပြောပြ တောင်းပန်ခဲ့ပါသေးတယ်။ ကျွန်တော့်ဘက်က အမှုဖွင့်၊ မဖွင့်မကျိန်းသေသေးဘူး’’ဟု ရပ်ကွက်အထောက်အကူပြု ကော်မတီအဖွဲ့ဝင် ဦးချစ်ငွေက ပြောသည်။
‘‘ဆိုင်ကယ်တိုက်မှုကတော့ အမှုဖွင့်အရေးယူထားတယ်။ ပါး ရိုက်တာကတော့ အရိုက်ခံရသူကို ရဲစခန်း ဆေးစာတွေ ယူထား တယ်။ သူက အမှုဖွင့်မယ်ဆိုရင် တော့ နောက်ရက်ကျ တရားရုံး ဦးတိုက်အမှုဖွင့်ဆောင်ရွက်ရမှာ ပါ’’ဟု ပြည်မြို့အမှတ်(၁)ရဲစခန်း မှူးက ပြောသည်။
‘‘အတိုက်ခံရတဲ့အမျိုးသမီး အဖွဲ့ကို ကျော်ပြီး ဝါးတစ်ရိုက်အ ကွာလောက်အထိ ဆိုင်ကယ်ကို မောင်းသွားတယ်။ ပြီးတော့ ပြန် လှည့်လာပြီး တမင်ဝင်တိုက်သလို မျိုးပါ။ ထွက်ပြေးတော့ ဝိုင်းဖမ်းတဲ့အခါ တောင်းပန်တာတော့ တွေ့ ရတယ်’’ဟု ဦးကျော်ကျော်ဉာဏ် ဝင်းက ပြောသည်။
7day daily

0 comments:
Post a Comment