ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌနေရာအား NLD မှ ကမ်းလှမ်း


နိရဉ္စရာ၊ ဇန်န၀ါရီလ ၂၁

ရခိုင်အမျိုးသားပါတီမှ အမျိုးသား လွှတ်တော် နေရာတွင် အနိုင်ရရှိခဲ့သော ဦးအေးသာအောင်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား ကမ်းလှမ်းလိုက်သည်ဟု သိရသည်။

ဤသို့ ကမ်းလှမ်းမှု အပေါ် ရခိုင်အမျိုးသား ပါတီမှ သဘောတူ မတူကို မသိရသေးသော်လည်း များမကြာမီ အကြောင်းပြန်လိမ့် မည်ဟု မျှော်လင့်ကြောင်း အမည် မဖော်လိုသူ NLD တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက AFP သတင်းဌာနသို့ ဇန်န၀ါရီလ ၂၀ ရက်နေ့က ပြောကြား ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာအား NLD မှ အနိုင်ရထားကြသည့် ဦးဝင်းမြင့် အား ရွေးချယ်ထားသလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နေရာအား ဦးမန်းဝင်းခိုင်သန်းကို ရွေးချယ် လျာထားကြောင်း ပြောကြားသည်။

လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးကို လျာထားရာ တစ်ဦးမှာ ကချင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ ရခိုင်အမျိုးသားပါတီမှ ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်သည်ဟု သိရသည်။

ယင်းနောက်ပိုင်းတွင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်အား အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ကမ်းလှမ်းမှု ထွက်ပေါ် လာခြင်း ဖြစ်သည်။

စစ်တွေတွင် ရောက်ရှိနေသော ဦးအေးသာအောင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူ့အနေဖြင့် ဘာမျှ မသိရသေးကြောင်းနှင့် ယခု ရန်ကုန်သို့ ပြန်ရန် စစ်တွေ လေဆိပ် သို့ ရောက်နေကြောင်း ပြောကြား သည်။

(ဓာတ်ပုံ- နိရဉ္စရာ)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment