ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တစ်ရက်အတွင်း ငလျင်(၅) ကြိမ်လှုပ်ခတ်


ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် တောင်ပိုင်းဒေသများတွင် ဇန်နဝါရီလ ၁၄ ရက်နေ့ တစ်နေ့တည်း၌ ငလျင်(၅)ကြိမ် လှုပ်ခတ်သွားခဲ့ပြီး တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်း လှုပ်ခတ်သွားခဲ့သည့် ငလျင်မှာ ပြင်းအား(၄.၀)ရစ်ခ်ျတာစကေးရှိကြောင်း ထိုင်းနိုင်ငံ ငလျင်ထုတ်ပြန်ရေး ဌာနက ထုတ်ပြန်ထားရှိသည်။

၂၀၁၆ခုနှစ် ဇန်န၀ါရီလ (၁၄)ရက်နေ့ ဒေသစံတော်ချိန် နံနက် (၈)နာရီ (၃၆)မိနစ်မှစ၍ ညနေ(၄)နာရီ
(၃၄)မိနစ် အချိန်အထိ အသေးစား ငလျင်(၅)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၌ နံနက်(၈)နာရီ(၃၆)မိနစ်တွင် အင်အား (၄.၀)ရစ်ခ်ျတာစကေး ၊ တာချီလိတ်ခရိုင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့တွင် နေ့လည်(၂)နာရီ (၁၂)မိနစ် အချိန်က အင်အား (၃.၄) ရစ်ခ်ျတာစကေး၊ မိုင်းနောင် နှင့် မောက်မယ် အကြားတွင် နေ့လည်(၂)နာရီ (၃၁)မိနစ် အချိန်က အင်အား (၃.၀) ရစ်ခ်ျတာစကေး၊ မိုင်းပွန်အနီးတွင် ညနေ(၃)နာရီ (၄)မိနစ်က အင်အား (၃.၄)ရစ်ခ်ျတာစကေး၊ မောက်မယ်အကြားတွင် ညနေ(၄)နာရီ (၃၄)မိနစ်အချိန်က အင်အား (၃.၅) ရစ်ခ်ျတာစကေး ပြင်းအား အသီးသီးရှိသည့် ငလျင်များ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

"ငလျင်လှုပ်သွားတာ မသိလိုက်ဘူးပဲ။ ဘာမှလည်း မကြားမိလိုက်ဘူး..'ဟု မိုင်းယောင်းမြို့ဒေသခံ တစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ ငလျင်သတင်းထုတ်ပြန်ရေးသတင်းများအရ အဆိုပါ ငလျင်များသည် မြန်မာ - တရုတ် နယ်စပ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး လာအိုနိုင်ငံတွင်လည်း နယ်နိမိတ် နှင့် ထိစပ်လျှက်ရှိကြောင်း သိရပြီး ၂၀၁၆ ဇန်န၀ါရီလ အတွင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ ပြင်းအား(၂.၆)နှင့် (၄.၀)ရစ်ခ်ျတာစကေးအကြားရှိ ငလျင်ငယ်ပေါင်း(၁၁)ကြိမ်ခန့် လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

Tachileik News Agency
http://www.tachileik.net/2016/01/nl.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment