မန္တလေးတွင်စားသုံးရန်မသင့်သည့် ငြုပ်ဆီလုပ်ငန်းအားပိတ်သိမ်းရန်ညွှန်ကြား


မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာ( အရှေ့) ရပ်ကွက်
သင်္ဘောတန်းရပ် တွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေးအန္တရာယ် စိုးရိမ်ရသည်ဟု တိုင်ကြားချက်အရ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ( မန္တလေးတိုင်း) ၊ စက်မှုစစ်ဆေးရေးနှင့် ကြီးကြပ်ရေးဦးစီးဌာန ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့သည် ယနေံနံနက် ၁၀ နာရီခွဲခန့်က ပိုင်ရှင် ဦးသန်းထွဋ် ၏ ငုံးမင်းငြုပ်ဆီလုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ကြပါသည်။


ထိုသို့ စစ်ဆေးရာတွင် (၁)မီးဘေးအန္တရာယ် စိုးရိမ်ရသည်အထိ အိမ်ပေါ်ထပ်တွင် မီးဖိုကြီးထားရှိကာ ဆားနှင့်ငြုပ်ရည်ကြိုခြင်း(၂)မီးခိုးများကြောင့် ပါတ်ဝန်းကျင်ကို အနှောင့်ယှက်ဖြစ်စေခြင်း
(၃)ခရမ်းချဉ်သီးပါဝင်ခြင်းမရှိဘဲ ဆန်ကွဲ ၊ အရောင်မှုန့်၊ ဆိုးဆေးနှင့် အမျိုးအမည်မသိ ဓာတုဗေဒ အချဉ်မှုန့်များအား ရောနှောကျိုချက်၍ PVC ပိုက်များကို အသုံးပြုကာ ထုတ်ပိုးမည့်နေရာသို့ ပို့ဆောင်ခြင်း များကို ဆောင်ရွက်လျက်ရှိပြီးပူနွေးနေသော အနေအထားအတိုင်း ပလတ်စတစ်အိတ်အတွင်း သွပ်သွင်းထုတ်ပိုးနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်။


ထို့အပြင် အဆိုပါ ငုံးမင်း ငြုပ်ဆီအား ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပြီး လုပ်ငန်းအား ပိတ်သိမ်းရန် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

သတင်း-ဓါတ်ပုံ
MCDC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment