ဇန်နဝါရီ ၁၆ ၂၀၁၆
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်ဒေါင် ဒေသ တွင်း ကားတစီးနဲ့ အတူ အာခါ တိုင်းရင်ရင်းသား ဇနှီးမောင်နှံ မောင်း နှင်လာတဲ့ ကားတစီးကို ရှာဖွေ စစ်ဆေးရာမှာ ရာဘ မူးယစ်ဆေးပြား တသိန်းနဲ့ အတူ ဖမ်းဆီးမိခဲ့ကြောင်း ချင်းမိုင်ခရိုင် ရဲမှူးကြီး မွန်သရီက သတင်းစာရှင်းလင်း ပွဲနဲ့ အတူ ထုတ်ဖေါ်ပြောဆို သွားခဲ့ပါတယ်။
အဆိုပါ တရားခံ စုံတွဲနှစ်ဦးဟာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တောင်ပေါ်သား နေထိုင်ခွင့် ကပ်ပြား မှတ်ပုံတင် ရရှိထားသူတွေ ဖြစ်ပါတယ်။
ချင်မိုင်မြို့ နယ်အတွင်းမှာ ကာရာအိုကေ ဆိုင်ဖွင့်ထားတဲ့ အာခါ လင်မယားနှစ်ဦးဟာ စီးပွားရေး သိပ်အဆင်မပြေတာကြောင့် ရာဘ စိတ်ကြွဆေးတွေကို မြန်မာနိုင်ငံ ဘက်ပိုင်ကနေ ထိုင်းနိုင်ငံအတွင်း ကိုယ်တိုင်
သယ်လာကြတာ ဖြစ်ပါတယ်။
ယခုလို အဖမ်းမခံရခင် ပထမအသုတ်အနေနဲ့  စိတ်ကြွဆေး ၇ သိန်းကို မြန်မာနိုင်ငံဘက် မှ နေ ထိုင်းနိုင်ငံ နုံထ ဘူရီ ကို သယ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ၀န်ခံခဲ့ကြပါတယ်၊ ရဲတပ်ဖွဲဝင်တွေက တရားခံတွေနဲ့  ဆက်စပ်နေသူတွေကို ဆက်လက်အရေး ယူဖေါ်ထုတ်သွားမယ်လို့  သတင်းစာရှင်းပွဲမှာ ရဲမှူးကြီးကထုတ်ဖေါ်ပြောဆို သွားခဲ့ပါတယ်။
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
0 comments:
Post a Comment