မော်တော်ယာဉ်နံပါတ်ပြားများ အတုပြုလုပ်သူအား ဖမ်းဆီးအရေးယူ



နေပြည်တော်၊ ဇန်နဝါရီ ၁၆

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်နေ ရန်နိုင်(၄၂)နှစ်၏နေအိမ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ခဲယမ်းများ သိုဝှက် ထားရှိကြောင်းသတင်းအရ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များနှင့် ဘားအံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။

 ထိုသို့ရှာဖွေရာ မူးယစ် ဆေးဝါးနှင့် လက်နက်/ခဲယမ်းတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းရှိ ပလတ်စတစ်ဆွဲခြင်းများအတွင်းမှ မော်တော်ယာဉ်နံပါတ်ပြားအတုမျိုးစုံ(၄၆၀)နှင့် ဆက်စပ်ပစ္စည်းများ၊ နေအိမ်နောက်ဖေး မီးဖိုချောင်အတွင်းမှ နံပါတ်ပြားအတုပြုလုပ်ရန် ဖြတ်တောက် ထားသည့် သွပ်ပြား(၁၇၂)ပြားနှင့် ဖြတ်တောက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

 စစ်ဆေးချက်အရ အဆိုပါ နံပါတ်ပြားအတုများအား ဆေးမှုတ်ခြင်း၊ စတစ်ကာ ကပ်ခြင်းနှင့် စာလုံးပုံဖော်ခြင်းတို့ကို ဘားအံမြို့နယ်၊ ရဲသာကျေးရွာ၊ GTC ကျောင်းနောက်ဘက်ရှိ ဝါးရုံတောအတွင်း၌ပြုလုပ်ကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက် ရှာဖွေရာ နံပါတ်ပြားစာလုံးဖော်/ပုံသွင်းရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ နံပါတ်ပြားအတု အကြမ်းထည်(၄၀၀)ပြား၊ နံပါတ်ပြား ဆေးမှုတ်ရာတွင်အသုံးပြုသည့် KTM စာတန်းပါ မှုတ်ဆေး ဗူးများ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မော်တော်ယာဉ်နံပါတ်ပြားများ အတုပြုလုပ်သူ ရန်နိုင်အား ဘားအံမြို့မရဲစခန်း(ပ)၁၂/၂၀၁၆၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment