ဓားဖြင့်ထောက်၍ သားမယား အဖြစ်ပြုကျင့်ပြီး ရွှေထည် ပစ္စည်းနှင့်ငွေများ လုယက်သွားသူ၏ ထွက်ဆိုချက်


လှိုင်သာယာ မြို့နယ်အတွင်း ဓားဖြင့်ထောက်၍ သားမယား အဖြစ်ပြုကျင့်ပြီး ရွှေထည် ပစ္စည်းနှင့်ငွေများ လုယက်သွားသူကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ စစ်ဆေး ဖော်ထုတ် အရေးယူ

ရန်ကုန်၊ ဇန်န၀ါရီ ၁၄

၁၂.၁.၂၀၁၆ ရက်နေ့ ၁၂၃၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ (၄)ရပ်ကွက်၊ FMI City (ပဒေသာပင်မြို့တော်)၊ ယမင်းရွှေဝါလမ်းနေ အိမ်ရှင်ဖြစ်သူ ဒေါက်တာ ဒေါ်----မှာ ဆေးခန်းတွင် ရှိနေပြီး အိမ်အကူဖြစ်သူ မ---- မှာ နေအိမ်တွင်ရှိနေစဉ် အမည်မသိ၊ အသက် (၂၇)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး အိမ်အကူဖြစ်သူ မ---- အား ဓါးဖြင့်ထောက်ကာ ရတနာပစ္စည်းများ ထားသည့်နေရာအား ခြိမ်းခြောက်မေးမြန်းခဲ့သဖြင့် အိမ်အကူမှကြောက်လန့်၍ မီးခံသေတ္တာအား ဖွင့်ပေးလိုက်ရကြောင်း၊ မီးခံသေတ္တာ အတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် မြန်မာငွေရောရာ စုစုပေါင်းတန်ဖိုး ကျပ်(၂၃၁၁၁၅၀၀)အား ယူဆောင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူမှ အိမ်ဖော် မ---- အား သားမယားအဖြစ် (၁)ကြိမ်ပြုကျင့်ခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၆၅/၂၀၁၆၊ ပုဒ်မ-၃၈၆/၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုအား ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။

အထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်သို့ ချက်ချင်းသွားရောက်ပြီး အိမ်ရှင်၊ ပြစ်မှုကျူးလွန်ခံရသူနှင့် အခင်းဖြစ်ရပ်တို့အားစစ်ဆေးခဲ့ပြီး မသင်္ကာသူအား စုံစမ်းဖော်ထုတ်ခဲ့ပါသည်။


စုံစမ်းတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူမှာ ယခင်က အဆိုပါနေအိမ်တွင် သွားနှင့်ပတ်သက်သော ဆေးပစ္စည်းများကို ကားပေါ်သို့ အတင်အချပြုလုပ်သည့် အလုပ်သမား(၂)ဦးအနက် လှိုင်သာယာမြို့နယ်နေ သက်ယုဇော်၊ (၃၀)နှစ်ဖြစ်နိုင်ကြောင်း မသင်္ကာဖွယ်သိရှိရသဖြင့် လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ၁၄.၁.၂၀၁၆ ရက်နေ့ ၀၀၄၅ အချိန်တွင် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့ရှိ ၎င်း၏ဖခင်ဖြစ်သူနေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

ပြစ်မှုဖြင့်မသင်္ကာသူ ရခိုင်(ခ)ဖိုးလပြည့်(ခ)သက်ဇော်မင်း(ခ)သက်ယုဇော်အားစစ်ဆေးရာ ၎င်းသည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှစတင်၍ အခင်းဖြစ်နေအိမ်မှ သွားနှင့်ပတ်သက်သောဆေးပစ္စည်းများကို ယာဉ်မောင်း ဘိုထီး(ခ)ဦးခင်မောင်ထွန်း မောင်းနှင်သည့်ကားဖြင့် သယ်ယူပို့ဆောင်သည့်အလုပ်လုပ်ကိုင်ခဲ့ရာမှ ၎င်းနေအိမ်တွင် နေ့လည်ပိုင်းအချိန်များ၌ အိမ်ရှင်ဖြစ်သူ၏ အဒေါ်တော်စပ်သူ အသက်(၉၂)နှစ်အရွယ် အမျိုးသမီးကြီးနှင့် အိမ်အကူ အမျိုးသမီးတို့(၂)ဦးတည်းသာရှိသည်ကို သိရှိထားကြောင်း၊ အခင်းဖြစ်ပွားသည့် ၁၂.၁.၂၀၁၆ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင် ၎င်းတစ်ဦးတည်း အဆိုပါ နေအိမ်နောက်ဘက်ခြံစည်းရိုးမှ ကျော်တက်ဝင်ရောက်ခဲ့ပြီး အနီးရှိရေကန်ဘေးတွင် ညအိပ်ကာ ပြစ်မှုကျူးလွန်ရန် စောင့်ဆိုင်းနေခဲ့ကြောင်း၊ ၁၀၃၀ အချိန် ခန့်၌ အိမ်ရှင်များ ကားဖြင့် ထွက်သွားပြီးနောက် အိမ်အကူ မိန်းကလေးမှာ အလုပ်လုပ်ရန် အတွက် ရေကန်အနီးသို့ လာရောက်စဉ် ၎င်းအား တွေ့ရှိသွားပြီး အော်မည်ပြုသဖြင့် မိန်းကလေး၏ပါးစပ်ကို လက်ဖြင့်ပိတ်၍ ဓားဖြင့်ထောက်ကာ နောက်ဖေးတံခါးမှ နေအိမ်အတွင်းသို့ခေါ်ဆောင်သွားကြောင်း၊ နေအိမ်အပေါ်ထပ်ရှိ အခန်းများအား လိုက်လံပြသစေပြီး ပွင့်နေသောအခန်း အတွင်းသို့ရောက်ရှိစဉ် မိန်းကလေးအား ဓားဖြင့်ထောက်၍ ခြိမ်းခြောက်ပြီး အလိုမတူဘဲ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရှိရပါသည်။


၎င်းနောက် အိမ်ရှင်ဖြစ်သူ၏ အိပ်ခန်းတံခါးသော့အား ဓားဖြင့်ထောက်၍ ခြိမ်းခြောက်တောင်းရာ အိမ်အကူမိန်းကလေးမှ မရှိကြောင်းပြောသဖြင့် နေအိမ်အောက်ထပ် မီးဖိုချောင်အတွင်းမှ တူအား ယူဆောင်ကာ အခန်း တံခါးသော့အားဖျက်၍ အခန်းအတွင်းသို့ဝင်ရောက်ခဲ့ပြီး မီးခံသေတ္တာအနီးရှိ ခရီးဆောင်အိတ်အတွင်းမှ တွေ့ရှိသည့်သော့များဖြင့် မီးခံသေတ္တာအားဖွင့်ပြီး ရွှေထည်ပစ္စည်းမျိုးစုံ၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် မြန်မာငွေရောရာ စုစုပေါင်းတန်ဖိုး ကျပ်(၂၃၁၁၁၅၀၀)ကို ယူဆောင်ကာ အိမ်အကူမိန်းကလေးအား ခြေနှင့်လက်တို့အား ကြိုးဖြင့်တုပ်နှောင်ပြီး ခြံဝင်းတံခါးသော့ထားသည့်နေရာအား မေးမြန်းရယူကာ အိမ်ရှေ့တံခါးပေါက်မှ ထွက်လာခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူ ရခိုင်(ခ)ဖိုးလပြည့်(ခ)သက်ဇော်မင်း (ခ)သက်ယုဇော်မှာ အိမ်အကူမိန်းကလေးနှင့် ရင်းနှီးပတ်သက်ခြင်း၊ သမီးရည်းစားဖြစ်ခြင်း၊ ကြိုတင်ညှိနှိုင်းတိုင်ပင်ချိတ်ဆက်ထားခြင်းမရှိကြောင်း၊ ပြစ်မှုကျူးလွန်သူမှ မီးခံသေတ္တာအား အလွယ်တကူဖွင့်နိုင်ခဲ့သည်မှာလည်း အိမ်ရှင်ဖြစ်သူအမျိုးသမီးမှ ၎င်း၏ခင်ပွန်းဖြစ်သူမှာ မကျန်းမာသူတစ်ဦးဖြစ်၍ မီးခံသေတ္တာဖွင့်ပါက အလွယ်တကူဖွင့်နိုင်ရန်အတွက် လျှို့ဝှက်နံပါတ်များကို ပြင်ဆင်ပြီး သော့ဖြင့်ဖွင့်နိုင်စေရန် စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ ပါဆုံးသွားသော သက်သေခံပစ္စည်းများအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပြီး အမှုလာရောက် တိုင်တန်းခဲ့သည့်အချိန်မှ (၂၇)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ သက်ယုဇော်အား ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment