ရန်ကုန်-စစ်တွေ ပြေးဆွဲနေသော ရွှေပြည်သစ်ကားနှင့် ကုန်တင်ကားတို့ တိုက်မိရာ ၁၀ ဦးဒဏ်ရာ ရရှိပြီး ကားဒရိုင်ဘာ သေဆုံး


မြတ်ထွန်းဇံ ၊ ဇန်န၀ါရီလ ၁၄

 ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးချေကုန်း ကျေးရွာအနီးတွင် ရန်ကုန်စစ်တွေသို ပြေးဆွဲနေသော ရွှေပြည်သစ်ခရီးသည်တင် မှန်လုံကား တစ်စီးနှင့် ကုန်တင်ကား တစ်စီးတို့ ဇန်န၀ါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ကားချင်း တိုက်မိခဲ့ကြရာ လူ ၁၀ ဦးဒဏ်ရာရရှိကာ ဒရိုင်ဘာတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရန်ကုန်မှနေ -စစ်တွေသို့ ထွက်ခွာလာခဲ့သော ခရီးသည်တင် ရွှေပြည်သစ် ခရီးသည်တင်ကားနှင့် စစ်တွေမြို့မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသည့် ကုန်တင်ကားတို့ ပုဏ္ဏားကျွန်းမြို့နယ် ပိုးချေကုန်းကျေးရွာ အနီးသို့ အရောက်တွင် တိုက်မိခဲ့ကြရာ ကုန်တင်ကားမှ ကူမောင်းကားဒရိုင် တစ်ဦးမှာ သေဆုံးခဲ့ပြီး ရွှေပြည်သည်တင်ကားမှ ခရီးသည် ၁၀ တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က “ ဖြစ်တာကတော့ဗျာ။ ပုဏ္ဏားကျွန်းနဲ့ ယိုးတရုတ်ကြားမှာပေါ့ ရန်ကုန်ဘက်ကလာတဲ့ ရွှေပြည်သစ်မှန်လုံ ကားနဲ့ စစ်တွေကနေ ရန်ကုန်ဘက်ကို သွာတဲ့ ကုန်ကားတို့ဘေးချင်း ချပ်မိပြီး တိုက်မိကြတာပါ။ ” ဟုပြောသည်။

၎င်းကားတိုက်မှုနှင့်ပတ်သတ်ပြီး ရွှေပြည်သစ်ကားဂိတ်မှ ၀န်ထမ်းများအား ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်အား အတည်ပြုသော်လည်း အသေးစိတ်ကို မသိရှိဟုဆိုသည်။

ဇန်ဇန်ဝါရီလ ၁၄ ရက်နေ့တွင်လည်း စစ်တွေမြို့ပြည်နယ် အစိုးရရုံးရှေ့တွင် သုံးဘီးယဉ် တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ အသီးသီး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment