ပေါင်းတလည်၌ မီးမတော်တဆမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး ပေါင်း တလည်မြို့တွင် ယနေ့ နံနက်၃ နာရီ မိနစ်၎ဝက မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

ပြည်ခရိုင် ပေါင်းတလည်မြို့ ပြည်တောင်ငူလမ်း ပေါင်းတလည် အနောက်ရပ်ကွက် ဦးလှမိုးပိုင်ဆိုင် သည့် အလျားပေ ၉ဝ၊အနံပေ ၅ဝ အုတ်ကာ၊ သွပ်မိုး၊ မြေစိုက်အမျိုး အစား သုခပြည့်စုံဆန်စက်တွင် ယနေ့နံနက် ၃နာရီမိနစ်၎ဝ က အသုံးပြုဆဲ ဘွိုင်လာအိုးမှ အပူရှိန် လွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပြည် ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူးမှ ကြီး ကြပ်ကွက်ကဲ၍ခရိုင်မီးသတ်တပ်ဖွဲ့ မှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ပေါင်း တလည်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ပြည်မြို့ အရန်မီးသတ်စခန်းများမှ မီးငြှိမ်း သတ်ယာဉ်သုံးစီး စုစုပေါင်းမီးငြှိမ်း သတ်ယာဉ်ခုနစ်စီးတို့နှင့်အတူသန္ဓေ တပ်ဖွဲ့ဝင် ၁၃ဦး၊ အရန်တပ်ဖွဲ့ဝင် ၄၉ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၈ ဦး၊ရပ်ရွာပြည်သူ ၅ဝခန့်တို့ ပူး ပေါင်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄နာရီ မိနစ်၂ဝတွင် အပြီးသတ်ငြှိမ်းသတ် နိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၆၇ဝဝဝဝ ခန့်ရှိသည်ဟု မီးသတ် တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါမီးလောင်မတော်တဆ မှုကြောင့် သုခပြည့်စုံဆန်စက်မန် နေဂျာဦးဟန်ညွန့် အသက်(၆၇နှစ်) အား (ပ) ၁၆/၂ဝ၁၆၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် ပေါင်းတလည်နယ်မြေရဲ စခန်းမှ အရေးယူဆောင်ရွက်ထား ရှိကြောင်း သိရသည်။

The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment