စစ်တွေမြို့သို့ သယ်ဆောင်လာသည့် ကျပ်သန်းပေါင်း ၁,၅၂၉ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ


ရန်ကုန်မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သယ်ဆောင် လာသည့် ကျပ်သန်းပေါင်း ၁,၅၂၉.၈၈ တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ငါးသိန်းကျော်ကို အမ်းမြို့နယ်၊ ပဲပဒုံစစ်ဆေးရေး ဂိတ်တွင် အမ်းမြို့နယ် မူးယစ်တပ်ဖွဲ့စုက ဖမ်းဆီးမိကြောင်း သိရှိရသည်။

စိတ်ကြွဆေးပြားများကို သယ်ဆောင်လာသူမှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ဦးကျော်မင်း ဆိုသူဖြစ်ပြီး ၎င်းကို ရန်ကုန်-စစ်တွေ အဝေးပြေး ခရီးသည်တင် ယာဉ်ပေါ်တွင် ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၃ နာရီအချိန်၌ အမ်းမြို့နယ် ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်၊ မူးယစ်တပ်ဖွဲ့စု ၄၇ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မူးယစ်ဆေးဝါးတွေကို ခရီးသည် ပစ္စည်းတွေထားတဲ့ ယာဉ်ရဲ့အောက် ဘောက်စ်အတွင်းမှာ တွေ့ရှိခဲ့တာပါ။ COSAS UNITED စာတန်းပါ အနက်ရောင် ခရီးဆောင်အိတ်ကို အနက်ရောင် တိတ်နဲ့ပတ်ပြီး မိုင်းကိုင်စက္ကူနဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်စီမှာ အထုပ်ငယ် ငါးထုပ်ပါရှိပါတယ်။ ပလတ်စတစ် ကပ်ခွာ တစ်အိတ်ကို
WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားစီ ပါတယ်”ဟု ရခိုင်ပြည်နယ် မူးယစ်ဌာန ရဲတပ်ဖွဲ့မှူးက ပြောသည်။

COSAS UNITED စာတန်းပါ အနက်ရောင် ခရီးဆောင်အိတ်အတွင်း WY စာတမ်းပါဆေးပြား ၂.၇ သိန်း၊ Nanhiang စာတမ်းပါ နီညိုရောင် ခရီးဆောင်အိတ် အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၂.၃ သိန်းပြားကို ဖမ်းဆီးရမိခဲ့သည့်အပြင် အနက်ရောင်တိတ်ဖြင့် ပတ်လျက် မိုင်းကိုင်စက္ကူဖြင့် ထုပ်ထားသည့်အထုပ်ကြီး တစ်ထုပ်အတွင်း WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၉၆၀ပြားနှင့် ငွေကျပ် ၅၅၀,၀၀၀ ကျပ်တို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးပြားများ၏ ပိုင်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နေ မောင်ချေဝင်း (ခ) ဇော်ရဲလင်း ဖြစ်ကြောင်း ၊ ရန်ကုန်မှ စစ်တွေသို့ ပို့ဆောင်ရန် ဦးကျော်မင်းကို အခကြေးငွေပေး၍ သယ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း အမ်းမြို့မ ရဲစခန်းမှ သိရသည်။

ခိုင်းစေခဲ့သူ မောင်ချေဝင်း (ခ) ဇော်ရဲလင်းမှာ လက်ရှိတွင် ထွက်ပြေး လွတ်မြောက်နေပြီး အမ်းမြို့မ ရဲစခန်းက မယ (ပ) ၂/၂၀၁၅၊ မူး / စိတ်ပုဒ်မ ၁၅/၁၉ (က)/၂၀(က) / ၂၁ တို့ဖြင့် အမှုဖွင့် အရေးယူကာ စုံစမ်းနေကြောင်း သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment