လူမျိုးစုအတွက်ပြည်နယ်သစ်အရေး - ပြည်ထောင်စုကွဲပျောက်ရေးသို့ ဦးတည်ဟု ခွန်ထွန်းဦးပြော


ဂျန်န၀ါရီ ၁၅ ရက် ၂၀၁၆

ပြည်နယ်သတ်မှတ်ပြီးသား ပင်မတိုင်းရင်းသားများ၏ တန်းတူအခွင့်ရေးကို မစဉ်းစားပဲ ပြည်နယ်မရှိသေးသူများ ၏ ပြည်နယ်ပေးရန် တောင်းဆိုမှုများကို ဦးစွာစဉ်းစားမည်ဆိုပါက မြန်မာပြည်သည် ယူဂိုဆလားဗီးယား ပြည်ထောင်စု ကဲ့သို့ ကမ္ဘာ့မြေပုံမှ ပျောက်ကွယ်သွားလိမ့်မည်ဟု သျှမ်းတိုင်းတိုင်းရင်း သားခေါင်းဆောင် ခွန်ထွန်းဦးက သတိပေး ပြောဆိုလိုက်ပါသည်။

နေပြည်တော်တွင် ကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ သျှမ်းပြည်တွင်းနေ တိုင်းရင်းသားများ ဖြစ်သော ၀ ၊ တအာင်း(ပလောင်)၊ ပအိုဝ်းတို့အပြင် ပြည်နယ်မရှိသေးသည့် တိုင်းရင်းသားများက ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုသည့်အပေါ် ခွန်ထွန်းဦးက ထိုသို့ သတိေ ပး ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ခပ်ရှင်းရှင်းပြောရရင် ပြည်နယ်ပေးလိုက်ရင်တော့ ခရိုင်းမီးယားပြီးရင် ယူဂို ဆလားဗီးယားလို ဖြစ်သွားနိုင်တယ်။ ယူဂိုဆလားဗီးယား လိုမျိုး မြန် မာပြည်မြေ ပုံ ပျောက်သွားမယ်” ဟု ခွန်ထွန်းဦးက ပြောဆိုပါသည်။

ယူဂိုဆလားဗီးယားပြည်ထောင်စုမှာ စစ်အေးခေတ်ကာလအထိ ဥရောပ ထိပ်သီးနိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင် ခဲ့သော်လည်း မျိုးနွယ်စုဆိုင်ရာ လက်နက်ကိုင်ပြဿနာများနှင့် ပြည်နယ်သတ်မှတ်ရေး၊ ယင်းမှတဆင့် ခွဲထွက် ရေး တောင်းဆိုမှုများကို ဖြေရှင်းနိုင်မှုမရှိသောကြောင့် ဘော့စနီးယား၊ ခရိုအေးရှား၊ ကိုဆိုဗို၊ ဆားဘီးယား၊ မွန်တီနီဂရိုး စသဖြင့် နိုင်ငံပေါင်းများစွာ ကွဲထွက်သွားပြီး ကမ္ဘာ့မြေပုံမှပါ ပျောက်ကွယ်သွားခဲ့ဖူးသည်။

လက်ရှိမြန်မာပြည်၏ ၂၀၀၈ ဖွဲ့စည်းပုံတွင် သျှမ်းပြည်နယ် သံလွင်မြစ် အရှေ့ခြမ်း ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော ၊ ပန်းဆန်း၊ မက်မန်း - ၆ မြို့ နယ်အား ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံကို ဒါကြောင့်ပဲ လက်မခံတာ။ ဖွဲ့စည်းပုံကိုကြည့်လိုက် သျှမ်း ကိုဦးတည်ဆွဲထားတဲ့ဖွဲ့စည်းပုံပဲ၊ ဦးတည်တိုက်ဖို့ ။ မပေးနဲ့ပြောရမလား၊ ပေး လို့ပြောရမလား- ဒါကစစ်အစိုးရလုပ်သွားတာပဲ။ ကျနော်တို့ ဘယ်လို ရှင်း မလဲ။ သျှမ်းပြည်ကိုပေးတဲ့အတွက် သျှမ်းမို့လို့ပြောတယ် ဖြစ်ဦး မယ်။ မြန် မာပြည်ကြီးကို ခွဲပေးတယ် ဖြစ်နေဦးမယ်။ ဗမာပြည်ကို ခွဲပေးရင် ဗမာတွေ ဘယ်လိုနေမလဲ” ဟု ခွန်ထွန်းဦးက မေးခွန်းထုတ်ပါသည်။

လက်ရှိကျင်းပနေသော ငြိမ်းချမ်းရေးညီလာခံတွင် ၀ ဒီမိုကရက်တစ်ပါတီက လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း ၆ မြို့နယ်အပြင် သံလွင်အရှေ့ခြမ်း ကျိုင်း တုံ၊ မိုင်းတုံ ၊ မိုင်းဆတ် အစရှိသည့် မြို့နယ်များအပြင် အနောက်ခြမ်းရှိ တန့်ယန်း၊ လားရှိုး မြို့နယ်များကိုပါ တွဲလျက် ၀ ပြည်နယ်သတ်မှတ်ပေး ရန် တောင်းဆိုခဲ့သည်။

လက်ရှိ ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSP/UWSA ၀ တပ်ဖွဲ့ ထိန်းချုပ်ထားသော ဒေသည် ဧရိယာ ၁၇၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး (ရန်ကုန်တိုင်း ဒေသကြီးမှာ စတုရန်ကီလိုမီတာ ၁၀၀၀၀ သာရှိ) လူဦးရေမှာ ၃ သိန်းခန့်ရှိ ပါသည်။ ရုံးသုံးစာအဖြစ် တရုတ် စာ၊ ငွေကြေးကို တရုတ်ယွမ်ငွေ အသုံးပြုပြီး စီးပွါးရေးမှာလည်း တရုတ်နိုင်ငံ နှင့် တိုက်ရိုက် ဆက်သွယ်ရောင်းဝယ်သည်။

UWSP/UWSA ၀ တပ်ဖွဲ့ခေါင်းဆောင် များကမူ ၀ ပြည်နယ် ရရှိရေးအတွက် အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက်တောင်းဆိုသွား မည်ဖြစ်ေ ကြာင်း၊ ပြည်ထောင်စုကြီးမှ မည်သောအခါမျှ ခွဲထွက်မည် မဟုတ်ကြောင်း မကြာခဏ ပြောဆိုသည်။

အလားတူ သျှမ်းပြည်တွင်းနေ ပအိုဝ်း၊ တအာင်းစသည့်လူမျိုးများ၏ အဖွဲ့ အစည်းများမှလည်း အသီးသီး ပြည်နယ် တောင်းဆို ကြသည်။
တိုင်းလိုင်(သျှမ်းနီ) ကလည်း ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ၄င်းတို့နေထိုင်ရာ ဒေသများကို စုစည်းပြီး ပြည်နယ်သစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိနေပါသည်။

သျှမ်းသံတော်ဆင့်/စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment