ကမ်းလှမ်းလာရင် အစိုးရသစ်နဲ့ လက်တွဲသွားမယ်လို့ သူရဦးအောင်ကို ပြော


လာမယ့် ဒုတိယလွှတ်တော် သက်တမ်းအတွက် ရွေးကောက် တင်မြှောက် မခံရတော့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို က နိုင်ငံရေးမှာ တစ်သီးပုဂ္ဂလအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး လာမယ့် အစိုးရအဖွဲ့ထဲမှာ တာဝန်ယူပေးဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ကမ်းလှမ်းလာရင် လက်တွဲသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

အန်အယ်လ်ဒီဘက်က အစိုးရအဖွဲ့နေရာအတွက် ကမ်းလှမ်းပြောဆိုထားတာ ရှိလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူရဦးအောင်ကိုက ပြောတာဖြစ်ပါတယ်။

သူရဦးအောင်ကိုဟာ အရင်က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပြီး သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ရင်းနှီးသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ သူရဦးရွှေမန်းနဲ့အတူ ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ ရာထူးကနေ ဖယ်ရှားခံရရာမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကနေ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ လွှတ်တော်သက်တမ်းအတွင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အစိုးရရဲ့ဘတ်ဂျက်သုံးစွဲမှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ထောက်ပြခဲ့သူဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment