ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၃)ရက်နေ့ က ထိုင်းနိင်ငံမှာ ရေခဲမုန့်ရောင်းနေတဲ့ မြန်မာ လူငယ်တစ်ဦးအား အမည်မသိ လမ်းသရဲများမှ ငွေကိုယူ လူကိုလည်း သတ်ခဲ့ကြသည်။
မွန်ပြည်နယ် ရေးမြို့နယ် သောင်ပြင်ရွာသား ကိုဗလိုင် အသက် ၂၅ နှစ်ဟာ ထိုင်းမှာရေခဲမုန့် ရောင်းရင်း မိသားစု ထောက်ပံ့ရင်း ညီ ညီမများကိုလည်း ကျောင်းထားပေးနေသူ ဖြစ်သည်။
ဒီအမှုမှာ လူသတ် တရားခံများကို ဖော်ထုတ်နိင်ဖို့ AAC အဖွဲ့ မှကြိုးစား သွားမှာဖြစ်ပြီး ခွင့်ပြုအမိန့်ကို
ထိုင်းနိင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ထံ တောင်းခံသွားမည်ဖြစ်ရာ သံအမတ်ကြီးထံမှ ခွင့်ပြု့
မိန့်ကျခဲ့ပါက ''AAC''အဖွဲ့မှ အမှုမှန်ပေါ်ပေါက်ပြီး တရားခံများ ဖမ်းဆီးနိင်အောင် ကြိုးစားသွားမှာဖြစ်ပါ
သည်။
ကိုဗလိုင်မှာ ဈေးရောင်းရငွေများပေးခဲ့ပြီး ထွက်ပြေးခဲ့ပေမယ့် လူရမ်းကားများ လက်ကမလွတ်ပဲ ရက်ရက်
စက်စက် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
လူသတ်တရားခံများဟာ ဆိုင်ကယ်စီး လမ်းသရဲ လူငယ်များဖြစ်တယ် လို့ အကြမ်းဖျင်း သိရှိရသည်။
သတင်း - ဓါတ်ပုံ ။ ။ ရဲမင်း(AAC)အဖွဲ့ (facebook)
0 comments:
Post a Comment