လုယက်မှု ကျူးလွန်ပြီး ထွက်ပြေးသွားသူ (၂)ဦးအား သမိုင်းဘူတာရုံ အနီး၌ ဖမ်းဆီးမိ

ဓါတ်ပုံ - Yangon Police
ရန်ကုန် ၊ ဇန်န၀ါရီ ၁၅

၁၄.၁.၂၀၁၆ ရက်နေ့ ၁၆၁၀ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ ၀င်များသည် လုယက်မှု ကျူးလွန်ပြီး ထွက်ပြေးသွားသူ (၂)ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။

 မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အောက်ဗဟိုလမ်းနှင့် ဘောဂသိဒ္ဓိ လမ်းမထောင့်တွင် စက်ဘီးစီးနင်းလာသူ အမျိုးသား တစ်ဦးမှ ၎င်း၏ခါးကြား တွင် ထိုးထားသော ခေါက်ပိုက်ဆံအိတ်အတွင်း ထည့်ထားသည့် ဆင်းကတ်ပါ HUAWEI လက်ကိုင်ဖုန်း(၁)လုံး၊ ငွေကျပ် (၁၁၀၀၀) နှင့် သန့်ဇင်ဦးအမည်ပါ မှတ်ပုံတင်ကတ် (၁)ခု တို့ ပါရှိသော ပိုက်ဆံအိတ်အား နောက်ဘက်မှ Wave 125 အမျိုးအစားဆိုင်ကယ် စီးနင်းလာသူ အမျိုးသား (၂)ဦးမှ လုယူထွက်ပြေး သွားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အဆိုပါ လုယက်မှုအား ဘုရင့်နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ၁၆၄၅ အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ သမိုင်းဘူတာရုံ အနီး၌ ဆိုင်ကယ်(၁)စီးနှင့်အတူ မသင်္ကာ
တွေ့ရှိသူ လှိုင်သာယာ မြို့နယ်နေသူများ ဖြစ်ကြသော ကြွက်နီ (ခ)ကိုဖြိုး(ခ) ပြည့်ဖြိုးအောင်၊ (၁၉)နှစ်နှင့် နိုင်ကြီး(ခ)နိုင်လင်းထွန်း၊ (၂၄)နှစ်တို့(၂)ဦးအား ထိန်းသိမ်းရမိ စစ်မေးခဲ့ပါသည်။

ယင်းသို့ စစ်မေးခဲ့ရာ ကြွက်နီ (ခ)ကိုဖြိုး(ခ)ပြည့်ဖြိုးအောင်နှင့် နိုင်ကြီး (ခ)နိုင်လင်းထွန်းတို့(၂)ဦးမှာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့ထံမှ သက်သေခံ ပစ္စည်းများ ပြန်လည်သိမ်းဆည်းပြီး ၎င်းတို့ (၂)ဦးအား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၃၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

သစ်ထူးလွင်
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment