နေအိမ်တံခါးချက်မထိုးမိဘဲ အိပ်ပျော်ခဲ့ရာမှ နေအိမ်တွင်းမှပစ္စည်းများ အခိုးခံရမှုဖြစ်ပွား


တောင်းတွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက်ရှိ နေအိမ်တစ် အိမ်မှအိမ်ရှင်များ နေအိမ်တံခါးအား ချက်မထိုးဘဲ အိပ်ပျော်ခဲ့ရာမှ အဆိုပါ နေအိမ်အတွင်းမှ အဖိုးတန် ပစ္စည်းများအခိုးခံရမှု ယခုလ ၂၆ ရက်ကဖြစ်ပွားခဲ့ကြောင်း တောင်တွင်းကြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယခုလ ၂၅ ရက် ည ၁ဝ နာရီခွဲက တောင်တွင်းကြီး မြို့ တောင်ပြင် (၂)ရပ်ကွက်နေ ကျော်ဆွေ(၄၉ နှစ်)သည် နေအိမ် တံခါးများ ချက်မထိုးမိဘဲ နေအိမ်အပေါ်ထပ်တွင် အိပ်ပျော်နေစဉ် ယခုလ ၂၆ ရက် နံနက် ၇ နာရီခန့်က အိပ်ရာမှနိုး၍ အောက်ထပ်ရှိ အစ်မ ဖြစ်သူမဌေးဌေးစံက ၄င်းအိပ်ခန်း တွင်ထားသော ဆလင်းဘက်အိတ် အတွင်းမှ ငွေကျပ်သုံးသိန်း၊ ဆင်း ကတ်ပါ HUAWEI 730 ဟန်းဆက်တစ်လုံး၊ ညီမဖြစ်သူမစန်းစန်းမူ၏ အနီရာင်စလင်းဘက်အိတ်အတွင်း မှ ငွေကျပ်သုံးသိန်းငါးသောင်း၊ ခရမ်းစွဲရောင်စိန် ရင်ထိုးတစ်ခု တန်ဖိုးကျပ်သိန်း ၂ဝခန့်တို့ ပျောက်ဆုံး နေကြောင်း သိရသည်။

 ထို့နောက် လိုက်လံရှာဖွေရာ နေအိမ်ရှေ့ လမ်းပေါ်တွင်ဆလင်းဘက်အိတ်နှစ်လုံး၊ မစန်းစန်းမူ၏ ATM ကတ်နှင့် မှတ်ပုံတင်တို့ကို လွှင့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ခိုးယူသူ အားစုံစမ်းဖော်ထုတ်အရေးယူပေးရန် ဦးကျော်ဆွေက တိုင်ကြားခဲ့သော ကြောင့်တောင်တွင်းကြီးမြို့နယ်မြို့မ ရဲစခန်းမှ(ပ)၄၇/၂ဝ၁၆၊ပုဒ်မ ၃၈ဝ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ကျော်ဇေယျ(မကွေး)
The Union Daily
http://uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment