အမေရိကန် ပြည်ထောင်စု ထဲက စတော့ ဈေးကွက် တွေမှာ ရှယ်ယာ တန်ဖိုးတွေ သိသိသာသာ ကျဆင်း ခဲ့ ပါတယ်။
အစောပိုင်းက ဥရောပ နဲ့ အာရှ ဈေးကွက် တွေ မှာ စတော့ တန်ဖိုး တွေ ထိုးဆင်း ခဲ့ ပြီးတဲ့ နောက် အမေရိကန် မှာပါ အခုလို လိုက်လံ ကျဆင်း လာတာ ဖြစ်ပါတယ်။
နယူးယောက် မြို့ ဝေါလ် စထရိ ဈေးကွက် တွေ မှာ the Down Jones (ဒေါင်းဂျုံးစ်) ရှယ်ယာ တန်ဖိုး ရည်ညွှန်းကိန်း ဟာ ၃ % ဝန်းကျင် ကျဆင်း ခဲ့ပါတယ်။
ရေနံ ဈေးလည်း တစ်စည် ကို ဒေါ်လာ ၃၀ အောက် ကို အခု သီတင်းပတ် ထဲ မှာတင် ဒုတိယ အကြိမ် မြောက် အဖြစ် ကျဆင်း ခဲ့ ပါတယ်။
အခုလို စတော့ ရှယ်ယာ တန်ဖိုး တွေ ကျဆင်း နေပေမယ့် အမေရိကန်၊ ဗြိတိန် နဲ့ ဂျာမနီ အစိုးရ ရဲ့ ငွေကြေး ဘွန်း စာချုပ်တွေ တန်ဖိုး မြင့် တက် လာ သလို၊ ရွှေဈေး လည်း မြင့်တက် ခဲ့ ပါတယ်။
တရုတ် ပြည် စီးပွားရေး နှေးကွေး သွားတဲ့ အပေါ် စိုးရိမ်မှု တွေ ဆက်လက် ဖြစ်ပေါ် နေတာ ကလည်း တကမ္ဘာ လုံးက စတော့ ဈေးကွက် တွေ အပေါ်မှာပါ ကျယ်ကျယ်ပြန့်ပြန့် ရိုက်ခတ် ခံနေရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
0 comments:
Post a Comment