နိုင်ငံတကာ အာကာသ စခန်း အပြင်ဘက်ကို အာကာသယာဉ်မှုး နှစ်ယောက် ၆ နာရီခွဲ ကြာ လမ်းလျှောက်မယ့် အမေရိကန် အာကာသ အေဂျင်စီ နာဆာ ရဲ့ အစီအစဉ်ဟာ ၄ နာရီ ကျော် အကြာ မှာပဲ ရပ်နား ခဲ့ရပါတယ်။
အာကာသယာဉ်မှုး တစ်ယောက် ရဲ့ ခေါင်းဆောင်း ဟဲလ်မက် ထဲမှာ ရေတွေ တွေ့လာရတဲ့ နောက် အခုလို ရပ်နား ခဲ့ရတာ ဖြစ်ပါတယ်။
အာကာသ ထဲ ပထမဆုံး အကြိမ် အဖြစ် လမ်းလျှောက် ခဲ့တဲ့ ဗြိတိသျှ အာကာသ ယာဉ်မှုး Tim Peake ဟာ သူ့ အဖော် အမေရိကန် အာကာသ ယာဉ်မှုး ရဲ့ ဟဲလ်မက် ထဲမှာ ရေပါးပါး လေး လွှမ်း နေတာ ကို မြင်ခဲ့ရ ပါတယ်။
သတ်မှတ်ချိန် မပြည့်မှီ အာကာသထဲ လမ်းလျှောက်တာ ရပ်နား ခဲ့ရပေမယ့် လူတွေ တော့ ဘယ်လို အန္တရာယ်မှ မရှိ ခဲ့ကြဘူး ဆိုပြီး နာဆာက ထုတ်ပြန် ပါတယ်။
ဒါ့အပြင် အာကာသ စခန်း အပြင် ထွက် ရတဲ့ အဓိက ရည်မှန်း ချက် ဖြစ်တဲ့ ပျက် နေတဲ့ လျှပ်စစ် သေတ္တာငယ် တစ်လုံးကို အစားထိုး လဲလှယ် ဖို့ တာဝန်လည်း ပြီးမြောက် ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ် ကတော့ အီတလီ အာကာသယာဉ်မှုး Luca Parmitano ရဲ့ ဟဲလ်မက် ထဲမှာ ရေတွေ အတော် လေး မြန်မြန် ပြည့် လာခဲ့ လို့ ရေမွန်း သေရမယ့် အန္တရာယ် အထိ ကြုံ ခဲ့ရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
0 comments:
Post a Comment