
ကမ္ဘာကျော် ဟောလီးဝုဒ် သရုပ်ဆောင် အန်ဂျလီနာ ဂျိုလီ ဟာ သူမရဲ့ ကမ္ဘောဒီးယားနိုင်ငံကို ဂုဏ်ပြုထားတယ်လို့ သတ်မှတ်နိုင်တဲ့ တက်တူးအသစ်ကို ထုတ်ဖ်ာပြသခဲ့ပါတယ်။
ကမ္ဘောဒီးယား နဲ့ ဂျိုလီနဲ့ ပတ်သက်မှုကတော့ သူမဟာ သူမရဲ့ ပထမဆုံး မွေးစားသားလေး Maddox ကို ၇လ သားအရွယ်မှာကတည်းက ကမ္ဘောဒီးယားနိုင်ငံမှာ မွေးစားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ တက်တူးရွေးချယ်မှုဟာလည်း သူမရဲ့ ကလေးတွေမွေးဖွားတဲ့ နေရာတွေကို ကိုယ်စားပြုနေတယ်လို့ သိရပါတယ်။
ဖနွမ်းပင် မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘောဒီးယား ရုပ်ရှင်ပွဲတော်ကို တက်ရောက်လာတဲ့ ဂျိုလီ ရဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး ပရိသတ်တွေက သူမရဲ့ တက်တူးအသစ်ကို တွေ့ရှိသွားခဲ့ကြတာပါ။ သူမ ထိုးခဲ့တဲ့ တက်တူးပုံနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာဝင်တွေကတော့ ကံကောင်းခြင်းတွေကို ယူဆောင်လာပြီး မကောင်းဆိုးဝါးတွေထံမှ ကာကွယ်ပေးနိုင်တယ်လို့ သတ်မှတ်ထားတဲ့ အမှတ်အသားတစ်ခု ဖြစ်တယ်ဆိုတာ ယုံကြည်နေကြပါတယ်။
Yantra တက်တူးဆိုင်က တက်တူးပညာရှင် Sak Yant က ရေးထိုးပေးထားဖြစ်ပြီး အရှေ့တောင်အာရှ ရှေးဟောင်း မူလ ယဉ်ကျေးမှု ပုံစံမျိုးနဲ့ တက်တူးထိုးထားတယ်လို့ ဆိုတဲ့အတွက်လည်း ဒါဟာ စုတ်နဲ့ တက်တူးထိုးလာတဲ့ ပုံဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။
အဲဒီတက်တူးမှာတော့ အလေးအမြတ်ထားတဲ့ ပထ၀ီ ပြသချက် တွေအပြင် ပါဝါ ၊ ကာကွယ်မှု ၊ အနာဂါတ် ၊ နဲ့အခြား ထင်ရှားတဲ့ ကိုယ်စားပြုမှုတွေ ပါဝင်နေတဲ့ ပါဋ္ဌိ စာသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကလေး ၇ ယောက်ရဲ့ မိခင်ဖြစ်သူ ဂျိုလီကတော့ သူမရဲ့ ကလေးတွေ အရွယ်ရောက်လာတဲ့အခါ တက်တူးထိုးတာနဲ့ ပတ်သက်ပြီး တားမြစ်မှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။
Ref:mirror.co.uk
Source:trend.com.mm
0 comments:
Post a Comment