တစ်ကိုယ်တည်းသမား ဖြစ်သွားပြန်တဲ့ Leonardo DiCaprio


မကြာသေးခင်က မော်ဒယ်မလေးတစ်ယောက်နဲ့ တွဲနေတယ်လို့ အသံတွေထွက်ခဲ့တဲ့ Leonardo DiCaprio ဟာ ခုတော့ အဲ့ဒီမော်ဒယ်မလေး Kelly Rohrbach နဲ့ လမ်းခွဲလိုက်ပြီလို့ People မှာ ရေးသားဖော်ပြထားပြန်ပါတယ်။ ဒီစုံတွဲဟာ ပြီးခဲ့တဲ့ နွေရာသီလောက်က တော်တော်လေး တွဲသွားတွဲလာရှိခဲ့ကြပြီး ခု လပိုင်းအကြာမှာပဲ ကွာသွားကြတာပါ။ ဒါပေမယ့် သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေလို ခင်ခင်မင်မင် ဆက်လက်ပေါင်းသင်းနေဆဲလို့ သိရပါတယ်။
ခုလိုနှစ်ဦးသား လမ်းခွဲဖို့ ဖြစ်လာရခြင်းအကြောင်းရင်းကတော့ နှစ်ဦးစလုံးဟာ သူတို့ရဲ့အနုပညာအလုပ်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဖို့ အချိန်မပေးနိုင်ကြတော့လို့ပါပဲ။ တစ်ယောက်က ကမ္ဘာကျော် ထိပ်တန်းသရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်သလို တစ်ယောက်လည်း နာမည်ကြီး စူပါမော်ဒယ်တွေထဲက တစ်ယောက်ဖြစ်နေတာကြောင့် နှစ်ဦးယောက်တွေ့ဆုံဖို့ အချိန်ဟာ အလွန်ပဲ ရှားပါးလွန်းလှပါတယ်။ တစ်ခြားတစ်ယောက်ပေါ်လာလို့ ခုလိုလမ်းခွဲလိုက်ရခြင်း မဟုတ်တာကိုတော့ အတွင်းသိတွေက စာနယ်ဇင်းတွေကို ဖြေကြားထားခဲ့ပါတယ်။
Leonardo ဟာ The Revenant ဇာတ်ကားအတွက် အထူးတလည်ကြိုးစားနေရတဲ့အချိန် Kelly ကလည်း မော်ဒယ်တစ်ယော်ကအဖြစ်တင်မကပဲ ဇာတ်ကားပါ စတင်ရိုက်ကူးတော့မှာမို့ သူတို့နှစ်ယောက်ဟာ ချိန်းတွေ့ဖို့ အချိန်မရှိကြ တော့ဘူးလို့ သိရပါတယ်။
Ref:cosmopolitan
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment