နောက်ရည်းစားထားသည် ထင်သည့် သံသယစိတ်ကြောင့် အကြမ်းဖက်ခဲ့သူ ပခုက္ကူရဲစခန်း ရောက်ပြီ



ပခုက္ကူမြို့နေ ဘော်ဒါဆောင် ကျောင်းသူတစ်ဦးက ၎င်း၏ ရည်းစားဟောင်းမှ ၎င်းအား နောက်ရည်းစား ထားသည့် အထင်ဖြင့် ဆဲဆို၊ ရိုက်နှက်၊ ကြိမ်းမောင်းခဲ့ခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုတစ်ခု ဇန်နဝါရီ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မ ----- အသက် ၁၈နှစ်၊ ဒုတိယနှစ်၊ ပခုက္ကူ တက္ကသိုလ်၊ ဆောမြို့နယ် နေသူသည် ပခုက္ကူမြို့၊ အမှတ် ၆ရပ်ကွက်ရှိ ရွာသားလေး အမျိုးသမီး ဘော်ဒါဆောင်၌ သူငယ်ချင်းများနှင့်အတူ၊ အဆောင်မှူးနှင့် အတူ ရှိနေစဉ် ယခင်က ရည်းစားဟောင်းဖြစ်သူ ကို------
အသက် ၁၈ နှစ်၊ ပထမနှစ် (ပခုက္ကူတက္ကသိုလ်)၊ သာစည်ကျေးရွာ၊ ရေစကြို မြို့နယ်နေထိုင်သူ ရောက်ရှိလာပြီး မ---- အား နောက်ရည်းစားထားသည့် အထင်ဖြင့် မကျေနပ်ဖြစ်ကာ ဆဲဆိုကြိမ်းမောင်း၊ ပါးရိုက်၊ လက်သီးနှင့် ထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မ------တွင် နဖူးနှင့် ယာဘက်မျက်လုံး ဖူးရောင်ညိုမည်း၊ ပါးနာကျင်၊ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး မ-----ပိုင် တန်ဖိုးကျပ် ၁၃၅,၀၀၀ တန်ဖုန်းအား ဆွဲယူရိုက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်သည့်အပြင် ယင်းနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ပခုက္ကူ ဘူတာဘက်သို့ မ----- အား ၎င်းက ဆိုင်ကယ်ဖြင့် ခေါ်သွား၍ ထပ်မံဆဲဆို ရိုက်နှက်ပြီး နေ့လယ် ၁နာရီ အချိန်ကျမှ ၎င်း၏ အဆောင်သို့ ပြန်လည်ပို့ခဲ့ခြင်း ဖြစ်ကြောင်း တရားလို မိန်းကလေး၏ တိုင်ကြားချက်အရ သိရှိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မ----- က အကြမ်းဖက်ခဲ့သူအား အရေးယူပေးရန် ဇန်နဝါရီ ၂၃ ရက်နေ့တွင် တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းက (ပ)၂၄/၂၀၁၆၊ ပုဒ်မ ၂၉၄/၅၀၆/ ၃၂၃/၄၂၇ တို့ဖြင့် အမှုဖွင့် ထားကြောင်း သိရှိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment