ဘားအံတွင် လိုင်စင်မဲ့ယာဉ် မတော်တဆကြောင့် လူတစ်ဦးသေ နှစ်ဦးဒဏ်ရာရ ယာဉ်မီးလောင်ဆုံးရှုံး


ကရင်ပြည်နယ်၊ ဘားအံမြို့၊ အုန်တစ်ပင် ကျေးရွာအနီး၊ ဘားအံ- သာမည ကားလမ်းမပေါ်တွင် ဇန်န၀ါရီ ၂၂ ရက် နေ့လယ်၌ လိုင်စင်မဲ့ မတ်တူးအမျိုးအစား အဖြူရောင်ယာဉ်သည် အရှိန်လွန်ကာ လမ်းဘေး မလေးရှားပိတောက်ပင်အား ၀င်ရောက် တိုက်ခဲ့၍ ကားမီးလောင်ခဲ့ပြီး ယာဉ်မောင်း ပွဲချင်းသေဆုံးခဲ့ကြောင်း
အိန္ဒုနယ်မြေ ရဲစခန်းမှ သိရှိရသည်။

“ကျွန်တော်တို့ ရောက်တော့ ယာဉ်မောင်း ကအခြေအနေ အတော်ဆိုးနေတာ တွေ့ရတယ်။ အခင်းဖြစ်ဖြစ်ချင်း တွေ့လိုက်တော့ ကားက လမ်းဘေး မလေးရှား ပိတောက်ပင်ကို အရှိန်ပြင်းပြင်းနဲ့ ၀င်ဆောင့်ထားတာ တွေ့ရတယ်။ ချက်ချင်းကားပေါ်ရှိတဲ့ သုံးယောက်ကို ဆွဲထုတ်လိုက်တယ်။ သူတို့ကို ထုတ်ပြီးတော့ ဓာတ်ဆီ တိုင်ကီ မီးကူးပြီးလောင်တာ။ ဒရိုင်ဘာ အသက်ရှင်ဖို့ ကြိုးစားသေးတယ်။ မရလိုက်ဘူး” ဟု အိန္ဒု နယ်မြေရဲစခန်းမှ အမှုစစ် ဒုရဲအုပ်သုမောင်က ပြောသည်။

အဆိုပါ ယာဉ်မတော်တဆ ဖြစ်စဉ်အတွက် ပုဒ်မ ၃၀၄၊ ၃၃၇၊ ၃၃၈ ဖြင့် အမှုဖွင့်ထားပြီး ၄င်းအမှုသည် လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးမည့်ကာလ အကြိုရက်ပေါင်း သုံးဆယ် ပညာပေးကာလအတွင်း ယခုကဲ့သို့ မတော်တဆ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ယာဉ်မောင်း အောင်စိုးသိန်း (ခ) အောင်အောင်သည် ၎င်းမိဘများ နေထိုင်သည့် အမှတ် ၄ ရပ်ကွက်၊ ဇွဲကပင်လမ်း နေအိမ်အား ဆေးသုတ်ရန် ခေါ်ထားသည့် အလုပ်သမားနှစ်ဦးနှင့် အတူ ကော့ကသောင်ဂူ သို့သွားရန် ဘားအံမှ ထွက်လာကြခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးစောဟန်သိန်းထံမှ သိရသည်။

ကရင်ပြည်နယ် အတွင်းတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လိုင်စင်မဲ့ယာဉ်များကိုစတင် ဖမ်းဆီးတော့မည်ဟု သက်ဆိုင်ရာမှ တရာဝင် အသိပေး ကြေညာထားသော်လည်း လိုင်စင်မဲ့ယာဉ် တချို့မှာ မောင်းနှင်နေကြဆဲဖြစ်ပြီး ယာဉ်မတော်တဆမှုများလည်း နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိနေကြောင်း ဘားအံ၊ လိုင်းဘွဲနှင့် အိန္ဒုရဲစခန်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment