ကြွက်တွေကိုက်ထားတဲ့ အစားအသောက်တွေကို စားပြီး ရုပ်ရှင်မင်းသမီးဖြစ်ဖို့ ကြိုးစားခဲ့ရကြောင်း Jennifer Lawrence ဖွင့်ဟ


Jennifer Lawrence ဟာ ရုပ်ရှင်မင်းသမီး အရမ်းဖြစ်ချင်ခဲ့တာကြောင့် ဟောလီးဝုဒ်ကို စတင်ထိုးဖောက်ဖို့ ကြိုးစားနေစဉ်တုန်းက ကြွက်တွေ ကိုက်ထားတဲ့ အစားအသောက်တွေကိုပါ စားခဲ့ရတယ်လို့  ဖွင့်ဟပြောလိုက်ပါတယ်။
The Hunger Games ရုပ်ရှင်တွဲရဲ့ ခေါင်းဆောင်မင်းသမီးဖြစ်သူ၊ အသက် ၂၅ နှစ်အရွယ် Jennifer Lawrence က “ အသက် ၁၄ နှစ်အရွယ်မှာ အိမ်က ထွက်လာခဲ့တာပေါ့။ အချိန်တော်တော်များများ အထီးကျန်နေခဲ့ရပြီး New York မှာနေခဲ့ရတုန်းက တော်တော်လန့် စရာကောင်းတယ်။ ကြွက်တွေနဲ့ ပဲ ကြီးပြင်းခဲ့ရပြီး ဒါကြောင့်ပဲ ခက်ခဲတဲ့အခြေအနေတွေမှာ ကြံ့ကြံ့ခံရင်ဆိုင်နိုင်တာပါ” “ ပြီးတော့ ကြွက်တွေနဲ့  တကယ်ကြီး အစာမျှစားရတဲ့ အချိန်ကိုလည်း ရောက်ခဲ့ဖူးပါတယ်။ ပိုက်ဆံကလည်း တစ်ပြားမှ မရှိခဲ့ဘူး။ ကြွက်တစ်ကောင်က ကျွန်မပေါင်မုန့် တစ်လုံးကို ကိုက်သွားရင်၊ အဲဒီကြွက်စားသွားတဲ့ နေရာကို လှီးပြီး စားရတော့တာပဲ။ အဲဒီတော့မှ ကျွန်မမိဘတွေလည်း အော် သူတကယ် မင်းသမီးလုပ်ချင်တာပဲ လို့ သိကြတော့တာ” လို့ Jennifer Lawrence က ပြန်လည်ပြောပြပါတယ်။
အရမ်းဆင်းရဲတဲ့ဘ၀ကနေ တက်လာခဲ့တဲ့ Jennifer Lawrence ဟာ အခုဆိုရင် ဟောလီးဝုဒ်ရဲ့ ၀င်ငွေ အကောင်းဆုံးမင်းသမီးတစ်လက်ဖြစ်နေပါပြီ။
Ref: Mirror 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment