စကားလုံးတွေကြားက Leonardo နဲ့ Kate Winslet တို့ရဲ့  ဆက်ဆံရေး




ဟောလီးဝုဒ် သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Leonardo DiCaprio နဲ့ Kate Winslet တို့ဟာ ကမ္ဘာကျော် Titanic ဇာတ်လမ်းကြီး ရိုက်ကူးပြီးကတည်းက ခင်မင်လာခဲ့ကြတာ ၁၈ နှစ်လောက်ရှိနေပါပြီ။ သူတို့ နှစ် ယောက်ဟာ ၂၀၀၈ ခုနှစ်တုန်းက Revoluitonary Road ဆိုတဲ့ ဇာတ်လမ်းမှာလည်း တွဲဖက်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာ အရင်းနှီးဆုံး သူငယ်ချင်းတွေအနေနဲ့ ဆက်လက်ရှိလာခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ 
သူတို့ဟာ ဒီအချိန်ကာလအတွင်းမှာ ဘာမှပတ်သက်မှုတွေ အသံမထွက်ခဲ့ပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ အမွှန်းတင်ထားတဲ့ စကားလုံးတွေရှိခဲ့ပါတယ်။ Leonardo က Kate Winslet ကို "မျိုးဆက်တစ်ခုရဲ့  အတော်ဆုံး မင်းသမီး" အဖြစ် တင်စားသတ်မှတ်ခဲ့ပါတယ်။   
ဒါတွေအားလုံးဟာ Titanic ဇာတ်လမ်းကနေ စတင်ခဲ့တာပါ။ အဲဒီဇာတ်လမ်းရိုက်ကူးစဉ်တုန်းကတော့ Leonardo ဟာ အသက် ၂၂ နှစ်ဖြစ်ပြီး Kate Winslet ဟာ အသက် ၂၁ နှစ်သာရှိကြသေးပါတယ်။ သူတို့ နှစ်ယာက် ရိုက်ကူးခဲ့တဲ့ ချစ်တင်းနှော ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ၁၉၉၇ ခုနှစ်က Entertainment Tonight သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ Leonardo က "သူမဟာ ယေဘူယျအားဖြင့်ကြောက်ဖို့ကောင်းခဲ့ပါတယ်။ ငါတို့ရဲ့  သရုပ်ဆောင်မှုတွေဟာလည်း ပိတ်ကားပေါ်မှာ သဘာဝအတိုင်းဖြစ်လာခဲ့တာပါ။ ငါတို့ဟာ သာမန်အတိုင်းပဲ တစ်ယောက်ကို တစ်ယောက်မြင်ကြပါတယ်။ ငါတို့ ချစ်တင်းနှောတဲ့ဇာတ်ဝင်ခန်းတွေ ရိုက်ခဲ့ပေမယ့်လည်း အဲဒီဇာတ်ဝင်ခန်းအတွက် ငါတို့ တော်တော်လေးကို ရယ်မောခဲ့ရပါတယ်" လို့ ဆိုခဲ့ဖူးပါတယ်။ 
Ref:popsugar 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment