နိုဘယ်-မြန်မာစာပေပွဲတော် (၂၀၁၆) သို့ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပေးပို့

NLD နာယက ဦးတင်ဦးမှ နိုဘယ်-မြန်မာစာပေပွဲတော်ကို ဖဲကြိးဖြတ် ဖွင့်လှစ်ပေးနေစဉ်
ဒုတိယအကြိမ်မြောက် နိုဘယ်-မြန်မာစာပေပွဲတော် ၂၀၁၆ (ကလေးစာပေဖွံဖြိုးတိုးတက်ရေး)ကို ဇန်န၀ါရီ ၁၆ ရက်၊ နံနက် ၉ နာရီက ရန်ကုန်မြို့ ရှင်စောပုလမ်းရှိ Myanmar Even Park တွင်ကျင်းပရာ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပေးပို့သည်။

အဆိုပါသ၀ဏ်လွှာတွင် “၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ကျင်းပမယ့် နိုဘယ်မြန်မာစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားကို လူကိုယ်တိုင်မလာရောက်နိုင်တဲ့အတွက် အခုလို အမှာစကားပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီနှစ် နိုဘယ်မြန်မာစာပေပွဲတော်ဟာ ကလေးစာပေဖွံဖြိုးရေးအတွက် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ သိရတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ ကျွန်မတို့ရဲ့ စာသင်ကျောင်းတွေမှာလည်း ကျောင်းစာကြည့်တိုက်ဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။ စာပေလေ့လာဖတ်ရှုတာဟာလည်း ကျောင်းစာသင်ချိန်တွေထဲမှာ မရှိတော့ပါဘူး။ ပညာရေးစနစ်ကလည်း အလွတ်ကျက်ဖြေရတဲ့စနစ်ဖြစ်လေတော့ အခြားသော ကျောင်းပြင်ပအတွေးအခေါ် အယူအဆနဲ့ ဆင်ခြင်နိုင်စွမ်းတွေကို ကန့်သတ်ထားပြီးတော့ စာပေဖတ်ရှုတာတွေကို ကန့်သတ်ထားပါတယ်။ ဒီအခြေအနေမှာ ကျွန်မတို့ရဲ့ကျောင်းသားလူငယ်တွေ စာပေနဲ့အလှမ်းဝေးသွားတာ သိပ်ဝမ်းနည်းဖို့ကောင်းပါတယ်။ ကျွန်မတို့ရဲ့မြို့ရွာရပ်ကွက်တွေမှာလည်း စာကြည့်တိုက်ရှိတဲ့ မြို့ရွာရပ်ကွက်ဆိုတော့ အင်မတန်ရှားပါးလှပါတယ်။ စာအုပ်စာပေတွေ အလွယ်တကူမရနိုင်တဲ့အတွက် ကျွန်မတို့ရဲ့ လူငယ်လေးတွေ စာပေလေ့လာဖတ်ရှုမှု အားနည်းရပါတယ်။ ဒီနေ့ခေတ်မှာ နည်းပညာကလွန်စွာအဆင့်မြင့်လာတဲ့အလျောက် ကျွန်မတို့ရဲ့လူနေမှုဘ၀တွေကို များစွာပြောင်းလဲစေပါတယ်။ အခုဆိုရင်ကျွန်မတို့ကလေးတွေဟာ ကွန်ပျူတာဂိမ်းတွေ အင်တာနက်ဂိမ်းတွေနဲ့ လူမှုကွန်ရက်တွေမှာ သူတို့ရဲ့အချိန်အများစုကို အသုံးချနေပါတယ်။ နည်းပညာအသုံးပြုမှုမြင့်တက်လာတာကြောင့်လည်း ကလေးတွေ စာပေဖတ်ရှုတဲ့အချိန် နည်းပါးလာတာဖြစ်ပါတယ်။ ဒါကြောင့် မြို့ရွာရပ်ကွက်နဲ့ကျောင်းတွေတိုင်း စာကြည့်တိုက်များထားရှိနိုင်ရေးကို ကြိုးပမ်းကြရမယ့်အပြင် ကလေးတွေ စာဖတ်ချိန်ရဖို့အတွက် ကလေးစာအုပ်များ ပိုမိုရေးသားထုတ်ဝေဖို့လည်း အထူးအရေးကြီးလှပါတယ်။ ကလေးတွေအတွက်ရည်ရွယ်ပြီး စာပေပွဲတော်ကို တခမ်းတနားကျင်းပပြုလုပ်တဲ့အချိန် ကလေးစာပေများ တိုးပွားရေးအတွက် တတ်အားတမျှလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်”ဟု ပြောကြားထားသည်။

ကိုဗညား

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

NLD ဗဟိုကော်မတီဝင် ကဗျာဆရာ မုံရွာအောင်ရှင်နှင့် ဦးတင်ဦးတို့အား အတူတကွ တွေ့ရစဉ်
မုံရွာအောင်ရှင်မှ ဒေါ်အောင်ဆန်းစုကြည်၏သ၀ဏ်လွှားအား ဖတ်ကြားစဉ်
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment