ကျောက်ဖြူမြို့တွင် ဘေးတွဲဆိုင်ကယ်များကို ဖျက်သိမ်းရန် သက်ဆိုင်ရာမှညွန်ကြား


 ကျောက်ဖြူ၊ ဇန်န၀ါရီ ၁၆

 တိုးတက်လာသော ခေတ်နှင့် အညီ ဆိုင်ကယ်ဘေးတွင် လူထိုင်ခုံ ပြုလုပ်ပြီး ခရီးသည်များကို လျင်မြန်စွာ သယ်ယူပေးနေသော ဘေးတွဲဆိုင်ကယ်များကို ဖျက်သိမ်းရန် ကျောက်ဖြူမြို့တွင် သက်ဆိုင်ရာမှ အမိန့်ထုတ်လိုက်ကြောင်း သတင်းရရှိသည်။

၎င်းစာအား မြို့နယ် အုပ်ချုပ်ရေးမှူးမှ ဇန်န၀ါရီ ၁၃ ရက် နေ့စွဲဖြင့် ဘေးတွဲ ဆိုင်ကယ်များအား ဖျက်သိမ်းရန် ညွှန်ကြားလိုက်၍ ဘေးတွဲ ဆိုင်ကယ် မောင်းနေသူများ အနေဖြင့် စားဝတ်နေရေး ခက်ခဲဖြစ်လာနိုင်သည်ဟု ဒေသခံ ဘေးတွဲ ဆိုင်ကယ်သမားများ က ပြောသည်။

“ ကျောက်ဖြူမှာ ဘေးတွဲဆိုင်ကယ်တွေကိုဖျက်သိမ်းရမယ်လို့ညွန်ကြားလာတော့ ကျနော်တို့ ဘေးတွဲ ဆိုင်ကယ် သမားတွေ စားဝတ်နေရေးတော်တော် ခက်ခဲ သွားနိုင်ပါတယ်။ ဘေးတွဲ ဆိုင်ကယ် မောင်းနေတဲ့ သူက တစ်ထောင်လောက် အလုပ် လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး တော်တော် အခက်အခဲ ရှိနိုင်ပါတယ်။ ကျောင်းတက်နေတဲ့ သားသမီးတွေ ကိုလည်း ကျောင်းဆက် မထားနိုင်မှာကို စိုးရိမ်ပါတယ်။ ကျနော်တို့ လက်မှတ်ကောက်ခံပြီးတော့ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့်ကိုလည်း သနားခံစာ တင်သွားမယ်” ဟု ဦးသန်းထွန်း ကပြောသည်။

ထိုသို့ ဘေးတွဲဆိုင်ကယ်များကို ဖျက်သိမ်းပေးရန် သက်ဆိုင်ရာမှ ညွန်ကြား လာသောကြောင့် ကျောက်ဖြူမြို့၊ ဘုရားကြီးတောင်ကွင်းတွင် ဇန်န၀ါရီလ ၁၄ ရက်နေ့က ဘေးတွဲဆိုင်ကယ် သမားများအစည်းအဝေးပြု လုပ်ပြီး ကော်မတီ ၁၅ ဦးဖွဲ့စည်းကာ လက်မှတ်ကောက်ခံ ၍ မြို့နယ် အုပ်ချုပ်ရေးမှူးကို သနားခံတင်ပြခဲ့သည် ဟု ဘေးတွဲ ဆိုင်ကယ်မောင်းနေသူ ဦးသန်းထွန်း ကပြောသည်။

ဘေးတွဲဆိုင်ကယ်သမား ကော်မတီ(၁၅)ဦးက မြို့နယ်အုပ်ချုပ်ရေးမှူးထံ သွားရောက်တွေ့ ဆုံပြီး သနားခံခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အပေါ်ကို တင်ပြပေးပါမည် ဟုပြောဆိုခဲ့ကြောင်း ၎င်းကပြောဆိုသည်။

ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးဖြစ်တဲ့ ကိုလှမောင် ကလည်း “ တစ်ခြား အလုပ်လည်း လုပ်ဖို့အလုပ်မရှိတော့ ဘေးတွဲဆိုင်ကယ်ဘဲ မောင်းနေရတယ်။ အလုပ် မရှိလို့ ဘေးတွဲ ဆိုင်ကယ်မောင်းနေတာကို မမောင်းရဘူး ဆိုတော့ အလုပ်လက်မဲ့ဖြစ်ပြီး မိသားစု အခက်အခဲဖြစ်သွားနိုင်တယ်” ဟု ဆိုသည်။

၂၀၁၄ခုနှစ်က ဘဏ္ဍာရေးနှစ်တွင် ဘေးတွဲဆိုင်ကယ်လိုင်စင်ခ ကျပ်(၁၅၀၀၀)နှင့် ဘီးခွန်ခ ကျပ်(၅၀၀၀)နှင့် စုစုပေါင်း ကျပ်ငွေ (၂၅၀၀၀) ပေးသွင်းရပြီး နိုင်ငံတော်အတွက် အခွန်ရသော ဘေးတွဲ ဆိုင်ကယ်များကို ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခြင်း အပေါ် ဘေးတွဲ ဆိုင်ကယ် မောင်းသူများမှ နားမလည်နိုင်အောင် ဖြစ်နေကြသည်ဟု ကိုလှမောင်က ဆိုသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ယခုကဲ့သို့ ရုတ်သိမ်းရန် အမိန့်ထုတ်ပြန်ထားသည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း ဘေးတွဲ ဆိုင်ကယ် မောင်းသူများမှ အသနားခံ တင်ပြလာသဖြင့် အထက်ကို ပြန်လည် တင်ပြထားကြောင်း၊ အဓိက Safe မဖြစ်သဖြင့် ပြည်နယ်အစိုးရကဖျက်သိမ်းခိုင်းသည်ဟု ယူဆရကြောင်း၊ ယခု လက်ရှိ အချိန်တွင် ဆိုင်ကယ်မောင်းသူများ စားဝတ်နေရေး ဒုက္ခတွေ့နိုင်သဖြင့် ယာယီ ခွင့်ပြုထားကြောင်း ပြောကြားသည်။

ဘေးတွဲဆိုင်ကယ်ဖျက်သိမ်းရေးကို ကျောက်ဖြူခရိုင်ဖြစ်တဲ့ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း စသည့်မြို့တွေကိုလည်း သက်ဆိုင်ရာမှ စာပေးပို့ထားကြောင်း သိရသည်။

ကျောက်ဖြူမြို့တွင် ဘေးတွဲဆိုင်ကယ်အစီး ၂၀၀၀ ခန့်ရှိကြောင်းသိရသည်။

ကျော်ဝင်း
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment