ပြန်တမ်းဝင် ရဲအရာရှိတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်


မော်လိုက်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ မော်လိုက်မြို့ သရက်ကုန်းရပ်ကွက် မြို့မအမှတ်(၁)နယ်မြေအတွင်းရှိ မော်လိုက်မြို့မရဲစခန်းဝင်းအတွင်း၌ ယခုလ ၉ ရက်နေ့ မနက် (၈) နာရီအချိန်က ဒုရဲမှူး ရာထူးအဆင့်ရှိ ပြန်တမ်းဝင် ရဲအရာရှိတစ်ဦးမှာ မိမိကိုယ်ကို ကြိုးဆွဲချ၍ အဆုံးစီရင်ခဲ့သည်။

မော်လိုက်မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သေဆုံးသူမှာ ကိုယ်ပိုင်အမှတ် ရဲ ၅၀၂၆ ဒုရဲမှူး မြတ်စိုးနိုင် ဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုနေ့မနက်က ရဲစခန်း၏ နေ့စဉ်အလုပ်ဖြစ်သော တန်းစီသည့်နေရာသို့ ရဲစခန်းမှူးမှာ အချိန်မှီရောက်ရှိမလာသည့်အတွက် ရဲဒုတပ်ကြပ် သန်းထွန်းအောင်ဆိုသူက ရဲစခန်းမှူး၏ နေအိမ်လိုင်းခန်းသို့သွားရောက်ခဲ့သည်။

၎င်း၏ နေအိမ်မှာ တံခါးများ ပိတ်ထားသဖြင့် အော်ဟစ်ခေါ်ဆိုခဲ့ရာ စကားပြန်မရသဖြင့် ရဲတပ်ဖွဲ့ဝင်များက စိုးရိမ်တကြီးဖြင့် တံခါးများအား ရိုက်ချိုးဖျက်စီး၍ ၀င်ရောက်ခဲ့သည်။ ထိုအချိန်တွင် ရဲစခန်းမှူးမှာ ၎င်းအိပ်သည့် ကုတင်အနီးနေရာတွင် ဘောလ်ပင်လုံးခန့်အရွယ် ကြိုးတစ်ချောင်းအား အသုံးပြု၍ မိမိကိုယ်ကို အဆုံးစီရင်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလွမ်းဝေ၊ ဦးလင်းဇော်ဦးနှင့် တာဝန်ရှိသူများက တွေ့မြင်သိရှိခဲ့ရသည်။

ထို့ကြောင့် ရဲဒုတပ်ကြပ် သန်းထွန်းအောင် ဆိုသူက ဒုရဲမှူး မြတ်စိုးနိုင် သေဆုံးခဲ့ရခြင်းအား စီစစ်ဆောင်ရွက်ပေးနိုင်ပါရန် မော်လိုက်မြို့မရဲစခန်းတွင် တိုင်တန်းခဲ့သည်။ ၎င်းတိုင်တန်းချက်အား ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၃ / ၂၀၁၆ အရ ရေးဖွင့်လက်ခံကာ ရဲအူပ် ရာဇာကိုကို ဆိုသူက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment