သစ်တော/တွင်းထွက် သယ်ခွင့်မပြု အမိန့်စာ ထုတ်ပြန် ထားသော်လည်း ကုမ္ပဏီများ ခိုးထုတ်နေဆဲ


မတ်ခ်ျလ ၂၈ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ သစ်တောထွက်ပစ္စည်းများနှင့် သတ္တုေ ကျာက်များကို တစ်ဘက်နိုင်ငံသို့ တရားမ၀င် သယ်ဆောင်ခွင့်မပြုဟူသည့် အမိန့်စာ အစိုးရအုပ်ချုပ်ရေးအာဏာပိုင်ဘက်မှ အကြိမ်ကြိမ်ထုတ်ပြန် ထားေ သာ် လည်း အသက်မ၀င်သေးဘဲ ကုမ္ပဏီမှ သစ်ခိုးထုတ်မှုများ ပြုလုပ်ေ န ဆဲဖြစ်ကြောင်းဒေသခံများ ကပြောသည်။

၎င်းအမိန့်စာကို မတ်ခ်ျလ ၂၃ ရက်နေ့ ကပင် နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ကိုယ်တိုင်က လက်မှတ်ထိုးပြီး ထပ်မံထုတ်ပြန်ထားကြောင်း၊ထိုစာ ကို သက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီးထံလည်းပေးပို့ထား ကြောင်း၊ သို့သော် ထိုအမိန့်စာထုတ်ပြီးသည့်တိုင် မီးသွေးတင်ကားများနှင့် သစ်တင်ကား များ သည် ညလူခြေ တိတ်ချိန် နမ့်ခမ်းမြို့ ရွှေလီမြစ်ကူးတို့ဆိပ်မှတဆင့် တစ်ဘက်နို င်ငံသို့ သယ်ထုတ်နေသည်ကိုတွေ့နေ ရ ကြောင်း နမ့်ခမ်းမြို့ဒေသခံ ဦးအိုက်မြင့် ကဆိုသည်။

“ဘာအမိန့်လဲမသိပါဘူးဗျာ အသက်ကို မ၀င်တာ၊ ညတိုင်းလိုလို မီးသွေးတင် ကား နဲ့ သစ်တင်ကားတွေ တရုတ် ဘက်ကို သယ်ပို့နေတာ လွတ်လွတ်လပ် လပ်ဘဲ၊ တစ်နေ့ အစီး ၄၀-၅၀ ထက် မနဲဘူးဗျ ၊ အထက် လူကြီးက အမိန့်ထုတ်တယ် လက်အောက်ငယ်သားတွေက ငွေယူပြီး လွှတ်ပေးတယ် ဘာထူးလဲ ဗျာ ”ဟု ၄င်း က သျှမ်းသံတော်ဆင့် အားပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း ထွက်ရှိသော သတ္တုကျောက်များကို သယ်ဆောင် ခွင့်ကို နှုတ်မိန့်ရော ထုတ်ပြန်စာပါ မကြာခဏ ထုတ်ပြန်ခဲ့သော်လည်း ယနေ့အထိ သတ္တုတူးဖော်ရေးကုမ္ပဏီများက သတ္တုဆက်လက်တူးေ ဖာ် နေသည်ကိုတွေ့နေရကြောင်း လယ်သမား စိုင်းအိုက်ပီး ကဆိုသည်။

“ပန်ခါးကျေးရွာ သတ္တုတူးဖော်ရေးစခန်းမှာ ကနေ့အထိ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ချို့သတ္တု ဆက်လက်တူး ဖော်နေကြတယ်၊ တူးလာတဲ့ သတ္တုကျောက်ေ တွကို ကျနော်တို့ မြို့ဧရိယာထဲ ဖြတ်မသယ် ဘဲ တောင်ပေါ် လမ်း ကနေ မူစယ်မြို့ နောင်ဆိုင်ကျေးရွာကနေ စယ်လန့်နားက ကူးတို့ဆိပ် ကနေတဆင့် တရုတ်နိုင်ငံထဲသို့ သယ်ဆောင်နေတာ ကျနော်ကိုယ်တိုင် မြင်တွေ့ရတယ် ” ဟု ၄င်းကပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း သစ်တောထွက်ပစ္စည်းနှင့်တွင်းထွက်ပစ္စည်းများ တရားမ၀င် သယ်ဆောင်ခွင့်မပြုဟု သျှမ်းပြည်သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်းနှင့် မြို့နယ်အုပ်ချုပ်ရေးဦးဇော်မင်းတို့က အကြိမ်ကြိမ် အမိန့်စာထုတ်ပြန် ထားသော်လည်း တစ်ကြိမ်တစ်ခါမျှ အသက်မ၀င်သေးပေ။

သျှမ်းသံတော်ဆင့်၊ စိုင်းတိုင်း
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment