ပရိသတ် အားမပေးမှာကြောက်လို့ ပရိုမိုးရှင်းပွဲ မလုပ်ဖြစ်တဲ့ ခေမာ ရဲ့ အဘွားကြီး အယ်လ်ဘမ်





Supermodels အဖွဲ့ကနေ ပထမဆုံး တစ်ကိုယ်တော်ခွေကို ခွဲထွက်ပြီး ဖန်တီးကြိုးစားခဲ့တဲ့သူကတော့ ခေမာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၉ရက်နေ့မှာ ဘိုဘိုအင်တာတိန်းမန့်ကနေစတင်ဖြန့်ချိမှာဖြစ်ပြီး ပရိသတ် အားမပေးမှာကြောက်လို့ ပရိုမိုးရှင်းပွဲ မလုပ်ဖြစ်တော့ဘူးလို့ ဖွင့်ဟလာတဲ့ ခေမာရဲ့ တစ်ကိုယ်တော်ခွေ အဘွားကြီးနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့
-သီချင်းခွေ Title လေးက အဘွားကြီးလို့ ပေးထားတာတွေ့ရတယ်။ ဘယ်လိုစိတ်ကူးလေးနဲ့ပေးဖြစ်တာလဲ။
အဲ့ဒါက ညီမအခွေလေးထဲမှာ ပါတယ်။ သီချင်းနာမည် စဉ်းစားလိုက်တော့ ဘာလေးပေးရင်ကောင်းမလဲပေါ့။ ဒါပေမဲ့ ညီမကိုယ်တိုင်က အဲ့ဒီ အဘွားကြီးဆိုတဲ့ ခေါင်းစဉ်လေးကို ကြိုက်တာကြောင့်ရယ်၊ သီချင်းလဲ ပါတာကြောင့်ရယ်ပေးဖြစ်သွားတာပါ။ အဲ့ဒီသီချင်းလေးက သားသားရေးထားတာပေါ့။ သီချင်းရဲ့ အဓိပ္ပါယ်လေးက ကောင်လေးရဲ့ ရည်းစားက အဘွားကြီး နားပူနားဆာ လုပ်တယ်ပေါ့။ ဂွမ်းတယ်ပေါ့။ နင့်ရည်းစားကို နင်ဖြတ်လိုက်တော့ဆိုတဲ့ အဓိပ္ပါယ်မျိုးလေးပါ။
-တစ်ခွေလုံးမှာရော သီချင်းဘယ်နှစ်ပုဒ်ပါမလဲ။
ညီမ ၈ ပုဒ်ပဲ ပါပါတယ်။ Mini တော့မဟုတ်တော့ဘူး။ Mini ဆိုရင် ၅ ပုဒ်၊ ၆ပုဒ်လောက်ပဲဆိုတော့လေ။ အခုက တခြား Featuring တွေလဲပါသေးတယ်။ တစ်ကိုယ်တော်ပါပဲ။
-၈ပုဒ်ထဲ ထည့်ဖြစ်တာကရော ဘာ့ကြောင့်များလဲ။
သီချင်းနည်းနည်းလေးနဲ့စုစုစည်းစည်း ကျစ်ကျစ်လစ်လစ်လေးဖြစ်အောင်ရယ်၊ အကုန်လုံးနားထောင်လို့ရမဲ့ပုံစံမျိုးလေးရယ်၊ ညီမဆီမှာ သီချင်းတွေကတော့ ရှိတယ်။ ဒါပေမဲ့ ဘာထည့်လို့ ထည့်ရမှန်း မသိတာနဲ့အားလုံး လက်ခံနိုင်မဲ့ ပုံစံလေးကိုရွေးထည့်လိုက်တော့ ၈ပုဒ်ပဲဖြစ်သွားတာပါ။
-အဲ့ဒီအခွေလေးကို ပြင်ဆင်ချိန်အနေနဲ့ရော ဘယ်လောက်ကြာခဲ့လဲ။
ညီမ အဲ့ဒီအခွေလေးကို လုပ်မယ်။ လုပ်မယ်။ လုပ်မယ်နဲ့ မလုပ်ဖြစ်ဘူး။ သီချင်းတွေက လက်ထဲမှာရှိတယ်။ ဒါပေမဲ့ အဲ့ဒီလိုစဉ်းစားရင်း၊ စဉ်းစားရင်းနဲ့ ဖေဖော်ဝါရီ ၉ရက်နေ့တော့ ရအောင်ထွက်မယ်ဆိုပြီး Target ထားခဲ့တာပါ။ တကယ်လုပ်တော့ ၅လလောက်ပဲကြာလိုက်ပါတယ်။ လုပ်မယ်ဆိုပြီး ပြင်ဆင်တာကတော့ စဉ်းစားရင်း၊ စဉ်းစားရင်းနဲ့တော်တော်လေးကြာသွားတယ်။
-တေးရေးတွေကရော ဘယ်သူတွေများလဲ။
ရွှေထိုက်ရယ်၊ သားသားရယ်၊ ဝေလ၊ ထက်ယံ၊ ဥာဏ်ထက်၊ အောင်ရဲထိုက်၊ ကိုAr-T ပါပါမယ်။
-Featuring အနေနဲ့ရော ဘယ်သူတွေပါမလဲ။
သားသား၊ ထက်ယံ၊ မိစန္ဒီ၊ Supermodels ပါ။
-ပါဝင်တဲ့ သီချင်းပုံစံတွေကရော ဘယ်လိုပုံစံတွေဖြစ်မလဲ။ အရင် Supermodels နဲ့ဆိုခဲ့တုန်းကလို ပုံစံမျိုးတွေပဲလား။ ဘယ်လိုပြောင်းလဲဖို့ရှိမလဲ။
သူတို့တွေနဲ့ဆိုခဲ့တဲ့ ပုံစံမျိုးလေးတွေလဲပါတယ်။ အသည်းကွဲအကြောင်းအရာလေးတွေကတော့ ပိုများတယ်။ အချစ်သီချင်းလေးတွေလဲပါတယ်။ မြူးမြူးကြွကြွပုံစံမျိုးလေးတွေလဲပါတယ်။
-သုံးယောက်ထဲမှာ တစ်ကိုယ်တော်ခွေစထွက်တာနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုသုံးသပ်မိလဲ။
ညီမက ငယ်ငယ်လေးကတည်းက သီချင်းဆိုရတာ ၀ါသနာပါတယ်။ ဒါကလဲ ညီမရဲ့ ရည်မှန်းချက်၊ ညီမရဲ့ အိပ်မက်လိုဖြစ်နေတယ်။ အဲ့ဒါကြောင့် ညီမလဲ တစ်ကိုယ်တော်ခွေလေးထွက်မယ်ဆိုပြီး ထုတ်ဖြစ်သွားတာပါ။
-ဖေဖော်ဝါရီလ ၉ရက်နေ့မှာ ထွက်ဖြစ်တာကရော ဘာကြောင့်များလဲ။
အစက ပြည်ထောင်စုနေ့တို့၊ ချစ်သူများနေ့တို့မှာ ထွက်မလို့ပဲ။ ဒါပေမဲ့ ပရိုမိုးရှင်းပွဲ မလုပ်ဖြစ်တဲ့အခါကျတော့ ၉ ရက်နေ့ကိုပဲ ထွက်ဖြစ်လိုက်တာပါ။ ပြီးတော့ တခြား အဆိုတော်တွေနဲ့လဲ အခွေထွက်ရက်တိုက်နေမှာစိုးလို့ပါ။
-ပရိုမိုးရှင်းပွဲကရော ဘာလို့မလုပ်ဖြစ်တာလဲ။
ပရိုမိုးရှင်းလုပ်ဖို့ကျတော့ ညီမ Audio CD ကိုတော့ မလုပ်တော့ဘူး။ ဘာလို့လဲဆိုတော့ ပရိသတ် အားမပေးမှာကြောက်လို့ပါ။ ဗီစီဒီကျမှပဲ ပရိုမိုးရှင်း လုပ်မယ်ဆိုပြီးစဉ်းစားခဲ့တာပါ။ ၉ရက်နေ့ကို ဘိုဘိုအင်တာတိန်းမန့်ကနေပဲ ထွက်မှာပါ။ ဗီစီဒီကိုလဲ ၂၀၁၆ ထဲမှာပဲ ထွက်နိုင်အောင်ကြိုးစားမှာပါ။
-အခွေထွက်ပြီဆို တော်တော်များများက ပရိုမိုးရှင်းလုပ်ကြတယ်။ ခေမာက မလုပ်တဲ့အတွက် အခွေမပေါက်မှာရော ပရိသတ်အားပေးမှုလျှော့မှာ မစိုးရိမ်ဘူးလား။
ညီမလဲ အစကလုပ်မလို့ပါပဲ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့်မလုပ်ဖြစ်တော့တာပါတယ်။ နောက်ဗီစီဒီမှပဲ ပရိသတ်တွေအတွက် အကုန်လုံးပြင်ဆင်ပြီးသေသေချာချာ လုပ်ပေးပါ့မယ်လို့။ အခွေမပေါက်မှာတော့ စိုးရိမ်တယ်။ အသိသူငယ်ချင်းတွေကလဲ ပရိုမိုးရှင်းလုပ်ဖို့ ၀ိုင်းပြောကြတယ်။ ဒါပေမဲ့ ညီမလဲ အခွေထွက်ဖို့ရက်က ကပ်နေပြီဆိုတော့ မလုပ်တော့ဘူးလို့ပဲ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဗီစီဒီကျမှပဲ သေချာစီစဉ်ပြီးလုပ်ပေးပါတော့မယ်။
-၈ ပုဒ်ထဲမှာ အကြိုက်ဆုံးသီချင်းကရော ဘယ်သီချင်းဖြစ်မလဲ။
မိစန္ဒီနဲ့ဆိုထားတဲ့ သစ္စာဖောက်ဆိုတဲ့ သီချင်းလေးကြိုက်တယ်။ ကိုဝေလရေးပေးထားတဲ့ သီချင်းလေးလဲကြိုက်တယ်။ ပြီးတော့ အဘွားကြီးဆိုတဲ့ သီချင်းလေးလဲကြိုက်ပါတယ်။ ကိုယ့်ဟာနဲ့ကို ကိုယ်ကြိုက်တာတွေကြီးပဲ ရွေးလုပ်ထားတာဆိုတော့ အားလုံးကို ကြိုက်ပါတယ်။
-ပရိသတ်ကို ရော အဘွားကြီး အခွေလေးနဲ့ ပတ်သက်ပြီး ဘာတွေပြောပြချင်သေးလဲ။
ညီမ ဒီအခွေလေးကို အကောင်းဆုံးကြိုးစားထားတယ်။ ပုံစံစုံအောင်လဲ ထည့်ထားတယ်။ ညီမအတတ်နိုင်ဆုံး အကောင်းဆုံးကြိုးစားထားတဲ့အတွက် ပရိသတ်ကြိုက်မယ်လို့လဲ မျှော်လင့်မိတယ်။ အခွေက ၉ ရက်နေ့ထွက်မယ်။ ပရိုမိုးရှင်း မလုပ်တာနဲ့ပတ်သက်ပြီး ပရိသတ်ကြီး အားလုံးခွင့်လွှတ်ပေးပါလို့။ ဗီစီဒီခွေကျမှပဲ သေသေချာချာလေး ပရိုမိုးရှင်းပွဲကို လုပ်ပေးပါ့မယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment